Quran with Burmese translation - Surah Az-Zumar ayat 6 - الزُّمَر - Page - Juz 23
﴿خَلَقَكُم مِّن نَّفۡسٖ وَٰحِدَةٖ ثُمَّ جَعَلَ مِنۡهَا زَوۡجَهَا وَأَنزَلَ لَكُم مِّنَ ٱلۡأَنۡعَٰمِ ثَمَٰنِيَةَ أَزۡوَٰجٖۚ يَخۡلُقُكُمۡ فِي بُطُونِ أُمَّهَٰتِكُمۡ خَلۡقٗا مِّنۢ بَعۡدِ خَلۡقٖ فِي ظُلُمَٰتٖ ثَلَٰثٖۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ لَهُ ٱلۡمُلۡكُۖ لَآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُصۡرَفُونَ ﴾
[الزُّمَر: 6]
﴿خلقكم من نفس واحدة ثم جعل منها زوجها وأنـزل لكم من الأنعام﴾ [الزُّمَر: 6]
Ba Sein ၆။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါင်းကို လူသားတစ်ဦးတည်းမှ ဖန်ဆင်းတော်မူ၏၊ ထို့နောက်ထိုလူသား ထံမှ သူ၏ မယားမိန်းမကို စီရင်တော်မူ၏၊ အရှင်မြတ်သည် သင်တို့အဖို့ ခြေလေးချောင်းတိရိစ္ဆာန်ရှစ်မျိုးကို ချပေးတော်မူ၏၊ သင်တို့ကိုလည်း အမိဝမ်းတွင်း၌ မိုက်မှောင်အတိကျလျက်ရှိသောကန့်လန့်ကာသုံးထပ်အထဲ ဝယ် ကလကရေကြည်မှ သွေးခဲ၊ သွေးခဲမှ သားတစ်၊ သားတစ်မှ ခြေလက်အင်္ဂါစသည်များကို တစ်ခုနောက် တစ်ခုဖန်ဆင်းတော်မူ၏၊ သင်တို့၏ အရှင်သခင်အလ္လာဟ်အရှင်မြတ်သည် ယင်းသို့ဖန်ဆင်းတော်မူထသော၊ အချုပ်အခြာအာဏာပိုင်သတော်မူသောအရှင် ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သို့ပါလျက် သင်တို့သည် အဘယ်ကြောင့်ကျောခိုင်းသွားကြသနည်း။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ယင်း(တစ်ခုတည်းသော)အသက်ဇီဝိန်မှပင် ၎င်း၏ကြင်ရာကြင်ဖက်ကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ခြေလေးချောင်းတိရစ္ဆာန်များမှ(အထီးအမစုံတွဲ)ရှစ်မျိုးကို ချပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ မိခင်များ၏ဝမ်းဗိုက်တွင် အမိုက်မှောင်သုံးထပ်အတွင်းဝယ် ဖန်ဆင်းမှု တစ်မျိုးပြီးတစ်မျိုးသို့(ပြောင်းလွှဲ၍) ဖန်ဆင်းတော်မူ၏။ ထို(အရှင်မြတ်) သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြကုန်သနည်း။ |
Hashim Tin Myint အရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် ထိုအသက်ကပင် ၎င်း၏ကြင်ရာကို ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့အတွက် ခြေလေးချောင်းတိရစာ္ဆန်များမှ (အထီးနှင့်အမ)ရှစ်မျိုး*ကို (ဖန်ဆင်းပြီး)ချပေးတော်မူခဲ့သည်။ အရှင်မြတ်သည် အသင်တို့အား အသင်တို့၏မိခင်များ၏ ဝမ်းဗိုက်ထဲတွင် အမှောင်သုံးထပ်အတွင်း၌* ဖန်ဆင်းမှုတစ်မျိုးပြီးတစ်မျိုး (အဆင့်ဆင့်ပြောင်းလဲပြီး)ဖန်ဆင်းတော်မူခဲ့သည်။ ထိုအရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသည်။ စိုးမိုးအုပ်ချုပ်မှုသည် အရှင်မြတ်၌ပင်ရှိသည်။ အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာ မရှိပေ။ ုထို့နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြသနည်း။ |