×

သို့ဖြစ်ပေရာ သူတို့ဆည်းပူးရှာမှီးခဲ့သမျှ မကောင်းမှုအကုသိုလ်များ၏အကျိုးရလဒ်ဖြစ်သော ဆိုးကျိုးများသည် သူတို့အား ထိခိုက်သက်ရောက်စေခဲ့၏။ ထို့ပြင် ဤမျိုးဆက်သစ်များအနက်မှ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် 39:51 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:51) ayat 51 in Burmese

39:51 Surah Az-Zumar ayat 51 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 51 - الزُّمَر - Page - Juz 24

﴿فَأَصَابَهُمۡ سَيِّـَٔاتُ مَا كَسَبُواْۚ وَٱلَّذِينَ ظَلَمُواْ مِنۡ هَٰٓؤُلَآءِ سَيُصِيبُهُمۡ سَيِّـَٔاتُ مَا كَسَبُواْ وَمَا هُم بِمُعۡجِزِينَ ﴾
[الزُّمَر: 51]

သို့ဖြစ်ပေရာ သူတို့ဆည်းပူးရှာမှီးခဲ့သမျှ မကောင်းမှုအကုသိုလ်များ၏အကျိုးရလဒ်ဖြစ်သော ဆိုးကျိုးများသည် သူတို့အား ထိခိုက်သက်ရောက်စေခဲ့၏။ ထို့ပြင် ဤမျိုးဆက်သစ်များအနက်မှ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည်လည်း သူတို့ဆည်းပူးရှာ မှီးနေသမျှ မကောင်းမှုအကုသိုလ်များ၏အကျိုးရလဒ်ဖြစ်သော ဆိုးကျိုးများသည် သူတို့အား မကြာမီ ထိခိုက် သက်ရောက် စေလိမ့်မည်ဖြစ်သည့်အပြင် သူတို့သည် (လွတ်မြောက်နိုင်ရန်အတွက် အလ္လာဟ်အရှင်မြတ်၏ဆန္ဒတော်ကို) နှောက်ယှက်နိုင်စွမ်း ရှိကြသူများ မဟုတ်ပေ။

❮ Previous Next ❯

ترجمة: فأصابهم سيئات ما كسبوا والذين ظلموا من هؤلاء سيصيبهم سيئات ما كسبوا, باللغة البورمية

﴿فأصابهم سيئات ما كسبوا والذين ظلموا من هؤلاء سيصيبهم سيئات ما كسبوا﴾ [الزُّمَر: 51]

Ba Sein
၅၁။ ထိုသူဟောင်းတို့ပြုကျင့်ခဲ့သောမကောင်းမှုအကုသိုလ်၏ အပြစ်ဒုက္ခသည် သူတို့ကို ညှင်းဆဲကြ၏၊ ထို့အပြင် ဤလူများအနက် ဒုစရိုက်မကောင်းမှုကျူးလွန်သူများကိုလည်း မိမိတို့ပြုကျင့်ခဲ့သောအကုသိုလ်ကံဆိုးကြီးသည် ညှင်းပန်းကြလတ့ံ၊ မကောင်းမှု၏ အကျိုးဆက်မှ မလွတ်မြောက်နိုင်ချေ။
Ghazi Mohammad Hashim
ထို့နောက် ၎င်းတို့၌ ၎င်းတို့၏ ဆည်းပူးချက်များ၏ ဆိုးရွားသောအန္တရာယ်များသည် သက်ရောက်ခဲ့လေ၏။ ထိုနည်းတူစွာ ဤ(လက်ရှိသွေဖည်ငြင်းပယ်)သူတို့အနက် မတရားကျူးလွန်ခဲ့ကြသော သူတို့အပေါ် ၌လည်း မကြာမြင့်မီပင် ၎င်းတို့၏ဆည်းပူးချက်များ၏ အန္တရာယ်များသည် သက်ရောက်မည်ဖြစ်၏။ စင်စစ်မှာကား ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်ကြသူများ မဟုတ်ပေ။
Hashim Tin Myint
ထို့‌နောက် သူတို့ဆည်းပူးခဲ့‌သော မ‌ကောင်းမှုများ၏အန္တရာယ်များသည် သူတို့အ‌ပေါ်တွင် ကျ‌ရောက်ခဲ့သည်။ ထို့ပြင် ဤသူများထဲမှ မတရားကျူးလွန်ခဲ့ကြ‌သောသူများအ‌ပေါ်တွင်လည်း သူတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်း‌ဆောင်နိုင်‌အောင် မပြုလုပ်နိုင်ဘဲလျက် မကြာမီ သူတို့ဆည်းပူးခဲ့‌သော မ‌ကောင်းမှုများ၏ အန္တရာယ်များသည် ကျ‌ရောက်မည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek