×

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းပေးအပ်တော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ်၊ အတိုင်းအတာဖြင့်သာ ပေးအပ်တော်မူကြောင်းကို သူတို့ မသိကြလေသလော။ 39:52 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:52) ayat 52 in Burmese

39:52 Surah Az-Zumar ayat 52 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 52 - الزُّمَر - Page - Juz 24

﴿أَوَلَمۡ يَعۡلَمُوٓاْ أَنَّ ٱللَّهَ يَبۡسُطُ ٱلرِّزۡقَ لِمَن يَشَآءُ وَيَقۡدِرُۚ إِنَّ فِي ذَٰلِكَ لَأٓيَٰتٖ لِّقَوۡمٖ يُؤۡمِنُونَ ﴾
[الزُّمَر: 52]

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းပေးအပ်တော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ်၊ အတိုင်းအတာဖြင့်သာ ပေးအပ်တော်မူကြောင်းကို သူတို့ မသိကြလေသလော။ ဧကန်မလွဲ၊ ထို (သို့စီမံဖြစ်စေတော်မူခြင်း) ၌ သက်ဝင်ယုံကြည်သော လူမျိုးတို့အတွက် အမှန်ပင် အာယသ်သက်သေလက္ခဏာတော်များ ရှိနေ၏။

❮ Previous Next ❯

ترجمة: أو لم يعلموا أن الله يبسط الرزق لمن يشاء ويقدر إن في, باللغة البورمية

﴿أو لم يعلموا أن الله يبسط الرزق لمن يشاء ويقدر إن في﴾ [الزُّمَر: 52]

Ba Sein
၅၂။ အလ္လာဟ်အရှင်မြတ်သည် အကြင်သူအား ရိက္ခာပစ္စည်းပေါများစေလိုတော်မူ၏၊ ထိုသူအား ပေါများစေတော်မူ၏၊ အကြင်သူအား ပစ္စည်းရှားပါးစေလိုတော်မူ၏၊ ထိုသူအား ရှားပါးစေတော်မူ၏၊ ဤအကြောင်းအရာကို ဤသူများ မသိကြပေလော့၊ မှတ်သားကြလော့၊ ဤအဖြစ်အပျက်၌ ယုံကြည်သူအပေါင်းသူတော်ကောင်းတို့ အဖို့အရာ နိမိတ်လက္ခဏာအ့ံဖွယ်တော်များပါရှိ၏။
Ghazi Mohammad Hashim
၎င်းတို့သည် သိရှိခဲ့ကြသည်မဟုတ်လော။ ဧကန်စင်စစ် အလ္လာဟ်အရှင်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးပွားစေတော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည်ပင်(မိမိအလိုတော်ရှိတော်မူသောသူအား စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ မလွဲဧကန် ဤသည်၌ သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့အဖို့ သက်သေအထောက်အထားများ အမှန်ပင် ရှိကြပေသတည်း။
Hashim Tin Myint
သူတို့သည် မသိရှိခဲ့ကြသ‌လော။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းစွာ ‌ပေးသနား‌တော်မူ၍ အရှင်မြတ်(အလိုရှိ‌တော်မူ‌သောသူကို) ကျပ်တည်း‌စေ‌တော်မူသည်။ စင်စစ် ထိုအထဲတွင် ယုံကြည်သူအမျိုးသားများအတွက် သက်‌သေအ‌ထောက်အထားများ အမှန်ပင်ရှိသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek