×

ဧကန်စင်စစ်၊ အသင် (တမန်တော်) သည် အသင်မတိုင်မီ (အရှင်မြတ်စေလွှတ်တော်မူသော သတင်းဆောင်တမန်တော်များ) ကဲ့သို့ပင် အသင့်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံခဲ့ရပြီ ဖြစ်၏။ ''အကယ်၍ 39:65 Burmese translation

Quran infoBurmeseSurah Az-Zumar ⮕ (39:65) ayat 65 in Burmese

39:65 Surah Az-Zumar ayat 65 in Burmese (البورمية)

Quran with Burmese translation - Surah Az-Zumar ayat 65 - الزُّمَر - Page - Juz 24

﴿وَلَقَدۡ أُوحِيَ إِلَيۡكَ وَإِلَى ٱلَّذِينَ مِن قَبۡلِكَ لَئِنۡ أَشۡرَكۡتَ لَيَحۡبَطَنَّ عَمَلُكَ وَلَتَكُونَنَّ مِنَ ٱلۡخَٰسِرِينَ ﴾
[الزُّمَر: 65]

ဧကန်စင်စစ်၊ အသင် (တမန်တော်) သည် အသင်မတိုင်မီ (အရှင်မြတ်စေလွှတ်တော်မူသော သတင်းဆောင်တမန်တော်များ) ကဲ့သို့ပင် အသင့်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်ပေးအပ်ခြင်းခံခဲ့ရပြီ ဖြစ်၏။ ''အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်) နှိုင်းယှဉ်တွဲဖက်၍ ယုံကြည်ကိုးကွယ်မိလျင် မုချဧကန်၊ အသင့် (အမှုတော်ထမ်းဆောင်မှုဆိုင်ရာ) ပြုမူကျင့်ကြံမှုတို့သည် အချည်းနှီးဖြစ်သွားမည့်အပြင် ဧကန်မလွဲ၊ အသင်သည် ဆုံးရှုံးရသူတို့တွင်လည်း အပါအဝင် ဖြစ်ချေမည်။

❮ Previous Next ❯

ترجمة: ولقد أوحي إليك وإلى الذين من قبلك لئن أشركت ليحبطن عملك ولتكونن, باللغة البورمية

﴿ولقد أوحي إليك وإلى الذين من قبلك لئن أشركت ليحبطن عملك ولتكونن﴾ [الزُّمَر: 65]

Ba Sein
၆၅။ အို-မိုဟမ္မဒ်၊ သင့်အလျင် ပွင့်သောတမန်တော်များကဲ့သို့ သင့်ကိုလည်း ဗျာဒိတ်ပေးတော်မူ၏၊ ဗျာဒိတ်တော်မှာ အကယ်၍ သင်သည် အရှင်မြတ်အား ဖက်စပ်သူပေးခြင်းကို ပြုလျှင် သင်၏အလုပ်သည် မအောင်မြင်၊ အ ချည်းနှီးသာဖြစ်မည်၊ သင်သည် မုချဧကန်ပျက်ပြားဆုတ်ယုတ်သူတို့ဘောင်တွင် အပါအဝင်ဖြစ်မည်။
Ghazi Mohammad Hashim
အမှန်စင်စစ်သော်ကား အသင့်ထံသို့လည်းကောင်း၊ အသင့်အလျင်(ပွင့်ခဲ့ကြလေသော နဗီတမန်တော်များ)ထံသို့လည်းကောင်း၊ မုချမလွဲ(ဤသို့)"ဝဟ်ယ်"အမိန့်တော်ထုတ်ပြန်ခြင်း ခံခဲ့ရလေ၏။ "အမှန်ပင် အကယ်၍ အသင်သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်)နှိုင်းယှဉ် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့ပါလျှင် မုချစင်စစ် အသင်၏ ပြုမူကျင့်ဆောင်ချက်တို့သည် အချည်းနှီးဖြစ်သွားမည့်ပြင် ဧကန်မလွဲ အသင်သည် ဆုံးရှုံးကြကုန်သော သူတို့တွင်လည်း အပါအဝင် ဖြစ်ချေမည်။
Hashim Tin Myint
ထို့ပြင် အမှန်စင်စစ် အသင်နှင့် အသင်၏မတိုင်မီကသူများထံသို့ အမှန်ပင် ဝဟီအမိန့်(ဤသို့)ချ‌ပေးခြင်းခံခဲ့ရသည်။ “အကယ်၍ အသင်သည် တွဲဖက်ကိုးကွယ်မှုကို ကျူးလွန်မိခဲ့လျှင် အမှန်စင်စစ် အသင်၏လုပ်ရပ်များသည် အချည်းအနှီးဖြစ်သွားမည့်အပြင် အသင်သည် ဆုံးရှုံးသူများထဲတွင် အမှန်စင်စစ် အပါအဝင်ဖြစ်လိမ့်မည်။“
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek