×

(အို၊ ရစူလ်တမန်တော်) သင်တို့သည်စစ်ဆင်ရေးတစ်ခုခုတွင်ရှိနေပြီး ရန်သူတို့က အချိန်မရွေး သင်တို့ကို အန္တရာယ်ပြုနိုင်ကြောင်းစိုးရိမ်ရသည့်အချိန်၌) ဆွလာသ်ဝတ်ပြုရမည့်အချိန်ရောက်၍ ဆွလာသ်ဝတ်ပြုမှုအတွက် သူတို့ကို မတ်တပ်ရပ်စေစဉ် (အစ္စလာမ့်အတွက် 4:102 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:102) ayat 102 in Burmese

4:102 Surah An-Nisa’ ayat 102 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 102 - النِّسَاء - Page - Juz 5

﴿وَإِذَا كُنتَ فِيهِمۡ فَأَقَمۡتَ لَهُمُ ٱلصَّلَوٰةَ فَلۡتَقُمۡ طَآئِفَةٞ مِّنۡهُم مَّعَكَ وَلۡيَأۡخُذُوٓاْ أَسۡلِحَتَهُمۡۖ فَإِذَا سَجَدُواْ فَلۡيَكُونُواْ مِن وَرَآئِكُمۡ وَلۡتَأۡتِ طَآئِفَةٌ أُخۡرَىٰ لَمۡ يُصَلُّواْ فَلۡيُصَلُّواْ مَعَكَ وَلۡيَأۡخُذُواْ حِذۡرَهُمۡ وَأَسۡلِحَتَهُمۡۗ وَدَّ ٱلَّذِينَ كَفَرُواْ لَوۡ تَغۡفُلُونَ عَنۡ أَسۡلِحَتِكُمۡ وَأَمۡتِعَتِكُمۡ فَيَمِيلُونَ عَلَيۡكُم مَّيۡلَةٗ وَٰحِدَةٗۚ وَلَا جُنَاحَ عَلَيۡكُمۡ إِن كَانَ بِكُمۡ أَذٗى مِّن مَّطَرٍ أَوۡ كُنتُم مَّرۡضَىٰٓ أَن تَضَعُوٓاْ أَسۡلِحَتَكُمۡۖ وَخُذُواْ حِذۡرَكُمۡۗ إِنَّ ٱللَّهَ أَعَدَّ لِلۡكَٰفِرِينَ عَذَابٗا مُّهِينٗا ﴾
[النِّسَاء: 102]

(အို၊ ရစူလ်တမန်တော်) သင်တို့သည်စစ်ဆင်ရေးတစ်ခုခုတွင်ရှိနေပြီး ရန်သူတို့က အချိန်မရွေး သင်တို့ကို အန္တရာယ်ပြုနိုင်ကြောင်းစိုးရိမ်ရသည့်အချိန်၌) ဆွလာသ်ဝတ်ပြုရမည့်အချိန်ရောက်၍ ဆွလာသ်ဝတ်ပြုမှုအတွက် သူတို့ကို မတ်တပ်ရပ်စေစဉ် (အစ္စလာမ့်အတွက် ဘဝနစ်မြှပ်ထားသော ယုံကြည်) သူတို့အနက်မှ အုပ်စုတစ်ခုအား သူတို့၏လက်နက်ခဲယမ်းများကိုင်ဆောင်စေလျက် အသင့်ပြင်ဆင်ထားသည့်အနေအထားဖြင့် အသင် (တမန် တော်) နှင့်အတူ မတ်တပ်ရပ်စေလျက် ဝတ်ပြုစေလော့။ ထို့နောက်သင်တို့ ပထမရကသ်အတွက် မတ် တပ်ရပ်၍ ဦးချမှုပြီးဆုံးစဉ် ပထမအုပ်စု၏နေရာကို ပထမရကသ်အတွက် မတ်တပ်ရပ်၍ ဝတ်ပြုမှုတွင် မပါဝင်ရဘဲ ကျန် ရစ်ခဲ့သည့် ဒုတိယအုပ်စုအား သူတို့၏လက်နက်ခဲယမ်းများကို ကိုင်ဆောင်လျက် အသင့်ပြင် ဆင်ထားသည့်အ နေအထားဖြင့် နေရာယူစေပြီး သင်နှင့်အတူ ဒုတိယမတ်ရကသ်အတွက် မတ်တပ်ရပ်မှု၌ ပါဝင်၍ ဆွလာသ် ဝတ်ပြုစေလော့။ (အကြောင်းမှာ) အကယ်၍ သင်တို့၏လက်နက်များနှင့်အသုံးအဆောင် ပစ္စည်းများအား အလေးမထား၊ သတိမမူဘဲ ချထားလျက်ဝတ်ပြုနေစဉ် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ငြင်းပယ်သူ) တို့က သင်တို့အပေါ် တစ်ဟုန်တည်းနှင့်တစ်ချီတည်း အလစ်သုတ် ဝင်ရောက်စီးနင်း၍ သဲကြီးမဲကြီး တိုက်ခိုက်ချေမှုန်းနိုင်ရန် လိုလားကြ၏။ သို့သော် အကယ်၍ သင်တို့အပေါ် သည်းထန်စွာ ရွာသွန်းချသည့် မိုးကြောင့် အခက် အခဲကြုံလျှင်သော်လည်းကောင်း၊ အနာဒဏ်ရာနှင့်နာမကျန်းဖြစ်နေလျှင်သော်လည်းကောင်း၊ လက်နက်ခဲယမ်းများကို မကိုင်ဆောင်နိုင်ဘဲ မြေကြီးပေါ်ချထားလျက် ဝတ်ပြုခြင်း၌ အပြစ်မထိုက်ပေ။ သို့သော် သင်တို့သည် မည်သည့်အခြေအနေဖြစ်စေ၊ မည်သို့သော အနေအထားတွင်ရှိသည်ဖြစ်စေ၊ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် အပြည့်အဝ ပြင်ဆင်ထားကြလော့။ ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် မယုံကြည်သူ (အမှန်တရားကို ဖီဆန်ဖုံငြင်းပယ်သူ) တို့အတွက် မသတီဖွယ်ရာနှင့်အကျိုးယုတ်အရှက်ရဖွယ်ရာ ပြစ်ဒဏ်ကို ကြိုတင်ပြင်ဆင်ထားတော်မူခဲ့ပြီ ဖြစ်၏။

❮ Previous Next ❯

ترجمة: وإذا كنت فيهم فأقمت لهم الصلاة فلتقم طائفة منهم معك وليأخذوا أسلحتهم, باللغة البورمية

﴿وإذا كنت فيهم فأقمت لهم الصلاة فلتقم طائفة منهم معك وليأخذوا أسلحتهم﴾ [النِّسَاء: 102]

Ba Sein
၁ဝ၂။ အို-မိုဟမ္မဒ် သင်သည် ခရီးသည်တို့နှင့်အတူတကွရှိ၍ သူတို့အတွက် ဆွလာသ်ဝတ်ပြုမှုကို စီစဉ်ပေး သောအခါ သူတို့အနက် အချို့တစ်ဝက်ကို မိမိတို့ လက်နက်ကိရိယာများကို စွဲကိုင်လျက် သင်နှင့် အတူတကွ ဝတ်ပြုကြစေလော့။ သူတို့သည် ဝတ်တွားဦးညွတ်ချရသည့်အခန်းကို ပြီးဆုံးသောအခါ ထိုသူတို့အား နောက်ဆုတ်သွားစေပြီးသော် ဝတ်မပြုရသေးသောသူတို့ ရှေ့သို့တိုးလာပြီးလျှင် သင်နှင့် အတူတကွ ဝတ်ပြုစေလော့။ သူတို့အား ဘေးကာဆီးမှုကို ပြုလုပ်စေလော့။ သူတို့အား လက်နက် ကိရိယာတို့ကိုလည်း စွဲကိုင်စေလော့။ အယူလွဲသူတို့သည် သင်တို့အား မိမိတို့၏ လက်နက်ကိရိယာ ဥစ္စာပစ္စည်းများကို သတိမမူ ပေါ့ဆစေလိုကြ၏။ သို့မှသာလျှင် သူတို့သည် သင်တို့အား လွယ်လင့်တကူ အပြီးအပိုင် တိုက်ခိုက်သတ်ဖြတ်နိုင်လိမ့်မည်။ မိုးရွာသွန်း၍သော်လည်းကောင်း၊ မကျန်းမာ၍သော်လည်းကောင်း လက်နက်ကိရိယာများကို စွဲကိုင်ထားခြင်းမပြုဘဲ ချထားရလျှင် သင်တို့၌ အပြစ်မထိုက်ပေ။ သို့သော် သင်တို့သည် မိမိတို့လုံခြံုရေးကို စီစဉ်ထားကြလော့။ မှတ်သား ကြလော့။ အလ္လာဟ်အသျှင်မြတ်သည် မိစ္ဆာဒိဌိတို့အတွက် အလွန်ရှက်ဖွယ်ကောင်းသော အပြစ်ဒဏ်ကို စီရင်ထားတော်မူ၏။
Ghazi Mohammad Hashim
၎င်းပြင် (အို- နဗီတမန်တော်) အကြင်အခါဝယ် အသင်သည် ထိုသူတို့အထဲတွင်ရှိနေ၍ ထိုသူတို့အဖို့ ‘ဆွလာသ်’ဝတ်ပြုမှုကို စီစဉ်ခဲ့ပါလျှင်၊ ထိုအခါ ၎င်းတို့အနက်မှ လူတစ်စုသည် (အသင်၏နောက်မှ ‘ဆွလာသ်’ ဝတ်ပြုကြရန်) အသင်နှင့်အတူ ရပ်ကြရပေမည်။ ၎င်းပြင် ထိုသူတို့သည် မိမိတို့၏လက်နက်များကိုလည်း ယူဆောင်ထားကြရပေမည်။ တစ်ဖန် ယင်းသူတို့သည် (အသင်နှင့်အတူ) ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချပြီးကြသောအခါ အသင်တို့၏နောက်သို့ ဆုတ်သွားကြရပေမည်။ ထို့နောက် ‘ဆွလာသ်’ ဝတ်မပြုကြရသေးသော အခြားသူတစ်စုသည် လာပြီးလျှင်၊ အသင်နှင့်အတူ ‘ဆွလာသ်’ ဝတ်ပြုကြရပေမည်။ ထို့ပြင် ၎င်းတို့သည်လည်း မိမိတို့၏ဘေးရန်ကို ကာကွယ်မည့်ပစ္စည်းများနှင့် လက်နက်များကို ယူဆောင်ထားကြရပေမည်။ (အကြောင်းသော်ကား) ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့က အကယ်၍သာ အသင်တို့သည် မိမိတို့၏ လက်နက်များနှင့် အသုံးအဆောင်ပစ္စည်းများကို မေ့လျော့သွားကြသော် ၎င်းတို့သည် အသင်တို့အား တစ်ဟုန်တည်း ဝင်ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြ (သောကြောင့်ဖြစ်) ပေသည်။ သို့တစေလည်း အကယ်၍သာ အသင်တို့၌ မိုးရွာသွန်းသောကြောင့် (လက်နက်များယူဆောင်ကာ ‘ဆွလာသ်’ ဝတ်ပြုကြရန်) ခဲယဉ်းမှုရှိခဲ့မူ၊ သို့တည်းမဟုတ် အသင်တို့သည် ဝေဒနာရှင်များဖြစ်ခဲ့ကြပါမူ မိမိတို့၏လက်နက်များကို ချထားခြင်းကြောင့် အသင်တို့၌ အပြစ်မရှိပြီ။ သို့သော်လည်း အသင်တို့သည် မိမိတို့အဖို့ ကာကွယ်မှုကိုမူ ပြုလုပ်၍ထားရှိကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့အဖို့ ကျိုးယုတ်ရှက်ရဖြစ်စေမည့် ပြစ်ဒဏ်ကို အရံသင့်ပြုထားတော်မူလေသတည်း။
Hashim Tin Myint
ထို့ပြင် အသင်(တမန်‌တော်မုဟမ္မဒ်-ဆွ)သည် သူတို့ထဲ၌ရှိ‌နေပြီး သူတို့အတွက် စွလာသ်ဝတ်ပြုမှုကို စီစဉ်ခဲ့လျှင်၊ ထိုအခါ သူတို့ထဲမှ လူတစ်စုသည် အသင်တို့နှင့်အတူ ရပ်ကြရမည်။ ထို့ပြင် သူတို့သည် သူတို့၏လက်နက်များကိုလည်း ယူ‌ဆောင်ထားကြရမည်။ ၎င်းပြင် သူတို့သည် စဂျ်ဒဟ်ဦးချပြီး‌သောအခါ အသင်တို့၏‌နောက်သို့ဆုတ်သွားကြရမည်။ ထို့‌နောက် စွလာသ်ဝတ်မပြုကြရ‌သေး‌သော အခြားအုပ်စုသည် လာပြီး‌နောက် အသင်တို့နှင့်အတူ စွလာသ်ဝတ်ပြုကြရမည်။* ထို့ပြင် သူတို့လည်း သူတို့၏‌ဘေးရန်ကို သတိဝိရိယထားပြီး လက်နက်များကို ယူ‌ဆောင်ထားကြရမည်။ ကာဖိရ်ငြင်းပယ်သူများကမူ အကယ်၍ အသင်တို့သည် အသင်တို့၏လက်နက်နှင့် အသုံးအ‌ဆောင်ပစ္စည်းများကို ‌မေ့‌လျော့သွားကြလျှင် သူတို့သည် အသင်တို့ကို တဟုန်ထိုးဝင်‌ရောက်တိုက်ခိုက်ရန် နှစ်သက်လိုလားကြသည်။ ထို့ပြင် အကယ်၍ အသင်တို့တွင် မိုးရွာသွန်းမှု‌ကြောင့် (လက်နက်များကိုင်‌ဆောင်ပြီး စွလာသ်ဝတ်ပြုရန်) ခဲယဉ်းမှုရှိခဲ့လျှင် သို့မဟုတ် အသင်တို့သည် ‌ရောဂါသည်များဖြစ်ခဲ့လျှင် အသင်တို့၏လက်နက်များကို ချထားသည့်အတွက် အသင်တို့တွင် အပြစ်မရှိ‌ပေ။ (သို့ရာတွင်)အသင်တို့သည် အသင်တို့အတွက် (တတ်နိုင်သမျှ)အကာအကွယ်ယူထားကြပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာဖိရ်ငြင်းပယ်သူများအတွက် ‌သေးသိမ်‌စေမည့် အပြစ်ဒဏ်ကို အသင့် ပြုလုပ်ထား‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek