×

သို့ဖြစ်၍ မည်သူမဆို မကောင်းမှုအကုသိုလ် တစ်စုံတစ်ခုကို ကျင့်ကြံလုပ်ဆောင်ကျူးလွန်သည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ 4:110 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:110) ayat 110 in Burmese

4:110 Surah An-Nisa’ ayat 110 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 110 - النِّسَاء - Page - Juz 5

﴿وَمَن يَعۡمَلۡ سُوٓءًا أَوۡ يَظۡلِمۡ نَفۡسَهُۥ ثُمَّ يَسۡتَغۡفِرِ ٱللَّهَ يَجِدِ ٱللَّهَ غَفُورٗا رَّحِيمٗا ﴾
[النِّسَاء: 110]

သို့ဖြစ်၍ မည်သူမဆို မကောင်းမှုအကုသိုလ် တစ်စုံတစ်ခုကို ကျင့်ကြံလုပ်ဆောင်ကျူးလွန်သည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်၊ အစွမ်းအစနှင့်စိတ်ဆန္ဒတို့အား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို စိတ်လိုဆန္ဒအတိုင်း လိုက်နာခြင်းဖြင့် သူ့ကိုယ်သူ မမှန် မကန်လုပ်မိ၍ ထိုသို့ ကျူးလွန်မိပြီးသည်နောက် အလ္လာဟ်အရှင်မြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လျှောက် ထားဆုပန်ပါက အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသော အရှင်၊ အားလုံးအပေါ် အစဉ် သနား ညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ومن يعمل سوءا أو يظلم نفسه ثم يستغفر الله يجد الله غفورا, باللغة البورمية

﴿ومن يعمل سوءا أو يظلم نفسه ثم يستغفر الله يجد الله غفورا﴾ [النِّسَاء: 110]

Ghazi Mohammad Hashim
အမှန်စင်စစ်သော်ကား မည်သူမဆို မကောင်းမှုအကုသိုလ်တစ်စုံတစ်ရာကို ကျူးလွန်မိအံ့။ သို့တည်းမဟုတ် ထိုသူသည် မိမိကိုယ်ကို နှိပ်စက်ကလူပြုမိအံ့။ ထို့နောက် ယင်းသူသည် အလ္လာဟ်အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားပန်ကြားအံ့၊ ထိုသူသည် အလ္လာဟ်အရှင်မြတ်ကို အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်အဖြစ် တွေ့ရှိရပေအံ့၊
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek