×

အကယ်၍ အသင့်အပေါ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့်ကရုဏာတော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ကို ချမှတ်ပေးအပ်တော်မူခြင်း) မရှိခဲ့လျှင် သူတို့အနက်မှ အုပ်စုတစ်ခုက အသင့်အား လမ်းလွဲစေရန် သန္နိဌာန်ချခဲ့လိမ့်မည်။ 4:113 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:113) ayat 113 in Burmese

4:113 Surah An-Nisa’ ayat 113 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 113 - النِّسَاء - Page - Juz 5

﴿وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكَ وَرَحۡمَتُهُۥ لَهَمَّت طَّآئِفَةٞ مِّنۡهُمۡ أَن يُضِلُّوكَ وَمَا يُضِلُّونَ إِلَّآ أَنفُسَهُمۡۖ وَمَا يَضُرُّونَكَ مِن شَيۡءٖۚ وَأَنزَلَ ٱللَّهُ عَلَيۡكَ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَعَلَّمَكَ مَا لَمۡ تَكُن تَعۡلَمُۚ وَكَانَ فَضۡلُ ٱللَّهِ عَلَيۡكَ عَظِيمٗا ﴾
[النِّسَاء: 113]

အကယ်၍ အသင့်အပေါ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့်ကရုဏာတော် (ဖြစ်သော ကျမ်းတော်မြတ်ကုရ်အာန်ကို ချမှတ်ပေးအပ်တော်မူခြင်း) မရှိခဲ့လျှင် သူတို့အနက်မှ အုပ်စုတစ်ခုက အသင့်အား လမ်းလွဲစေရန် သန္နိဌာန်ချခဲ့လိမ့်မည်။ သို့သော် သူတို့က သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) မှအပ အခြား မည်သူ့ကိုမျှ လမ်းလွဲစေနိုင်ခြင်း မရှိချေ။ ထို့ပြင် သူတို့သည် အသင် (တမန်တော်) ကိုလည်း မည့်သည့် အရေးကိစ္စ၌ဖြစ်စေ၊ မည်သည့်နည်းနှင့်မျှ ထိခိုက်နစ်နာစေနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အသင်တမန်တော်အပေါ် ကျမ်းတော်နှင့် (စီရင်ဆုံး ဖြတ်မှုဆိုင်ရာ) ဉာဏ်အမြော်အမြင်ကို ချမှတ်ပေးအပ်တော်မူပြီး အသင် ယခင်က မသိနားမလည်ခဲ့သော အကြောင်းအရာများကိုလည်း အသင့်အား သွန်သင် သင်ကြား ပြသတော်မူ၏။ ထိုသို့ ကျမ်းတော်အားဖြင့် လူ့ဘဝတည်ဆောက်ရေးဆိုင်ရာ နည်းစနစ်များကို သွန်သင် ခြင်းသည် အသင် (တမန်တော်) အပေါ် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်လှသော ကျေးဇူးတော်ဖြင့် သိက္ခာပေးခြင်းပင် ဖြစ်၏။

❮ Previous Next ❯

ترجمة: ولولا فضل الله عليك ورحمته لهمت طائفة منهم أن يضلوك وما يضلون, باللغة البورمية

﴿ولولا فضل الله عليك ورحمته لهمت طائفة منهم أن يضلوك وما يضلون﴾ [النِّسَاء: 113]

Ba Sein
၁၁၃။ အို-မိုဟမ္မဒ် သင့်အပေါ် အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီးမင်္ဂလာတော်များ သက်ရောက်၍သာ သို့မဟုတ်လျှင် သူတို့သည် သင့်ကို လမ်းမှားသို့ သွေးဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြလတ္တံ့။ သို့သော် သူတို့သည် ၎င်းတို့ကိုယ်ကိုသာ ၎င်းတို့ လမ်းမှားသို့ ညွှန်ပြလိမ့်မည်။ သင့်ကို တစ်စုံတစ်ရာ နစ်နာ စေနိုင်လိမ့်မည်မဟုတ်ပေ။ အလ္လာဟ်အသျှင်မြတ်သည် သင့်အား ဤကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်ချပေးသနားတော်မူ၏။ ပညာအလင်းရောင်ကိုလည်း ပေးသနားတော်မူ၏။ သင်မသိသော ကျင့်စဉ်တရားကို သင်ပေးတော်မူ၏။ သင့်အပေါ်၌ အလ္လာဟ်အသျှင်မြတ်၏ ကောင်းကြီး မင်္ဂလာတော်သည် အနန္တဖြစ်၏။
Ghazi Mohammad Hashim
အကယ်၍ အသင်၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်သည်သာလျှင် မရှိခဲ့ပါမူ ထိုသူတို့အနက်မှ လူတစ်စုသည် အသင့်အား လမ်းလွဲစေကြရန် မုချ စိတ်ပြဋ္ဌာန်းပြီး ဖြစ်ခဲ့ကြ၏။ အမှန်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်ကိုသာလျှင် လမ်းလွဲစေကြ၏။ ၎င်းပြင် ယင်းသူတို့သည် အသင့်အား အလျင်း နစ်နာစေနိုင်ကြသည်လည်းမဟုတ်ချေ။ အကြောင်းကား အလ္လာဟ်အရှင်မြတ်သည် အသင်၏အပေါ်ဝယ် ကျမ်းမြတ်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း ချပေးသနားထားတော်မူခဲ့၏။ ၎င်းပြင် အသင်မသိနားမလည်ခဲ့သော အရာများကိုလည်း အသင့်အား သင်ကြားပြသတော်မူခဲ့၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်သည် အသင်၏အပေါ်ဝယ် ကြီးကျယ်လှပေသည်။
Hashim Tin Myint
၎င်းပြင် အကယ်၍ အသင်(တမန်‌တော်)၏အ‌ပေါ်တွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူးနှင့် သနားကြင်နာမှုသာမရှိခဲ့လျှင် သူတို့ထဲမှ လူတစ်စုသည် အသင့်ကို လမ်းလွဲ‌စေကြရန် အမှန်စင်စစ် စိတ်ဆုံးဖြတ်ခဲ့ကြပြီဖြစ်သည်။ သူတို့သည် သူတို့ကိုယ်ကိုသာ လမ်းလွဲ‌စေလျက်ရှိ‌နေကြခြင်းဖြစ်သည်။ ထို့ပြင် သူတို့သည် အသင့်အား လုံးဝ နစ်နာ‌စေနိုင်ကြမည်လည်း မဟုတ်‌ပေ။ (အဘယ့်‌ကြောင့်ဆို‌သော်) အလ္လာဟ်အရှင်မြတ်သည် အသင်၏အ‌ပေါ်တွင် ကျမ်း‌တော်မြတ်နှင့် ပညာဉာဏ်အ‌မြော်အမြင်ကို ချ‌ပေးသနား‌တော်မူခဲ့ခြင်း‌ကြောင့်ဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် အသင် မသိနားမလည်ခဲ့‌သောအရာများကိုလည်း အသင့်အား သင်ကြားပြသ‌တော်မူခဲ့သည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်သည် အသင်၏အ‌ပေါ်တွင် ကြီးမားလှသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek