Quran with Burmese translation - Surah An-Nisa’ ayat 114 - النِّسَاء - Page - Juz 5
﴿۞ لَّا خَيۡرَ فِي كَثِيرٖ مِّن نَّجۡوَىٰهُمۡ إِلَّا مَنۡ أَمَرَ بِصَدَقَةٍ أَوۡ مَعۡرُوفٍ أَوۡ إِصۡلَٰحِۭ بَيۡنَ ٱلنَّاسِۚ وَمَن يَفۡعَلۡ ذَٰلِكَ ٱبۡتِغَآءَ مَرۡضَاتِ ٱللَّهِ فَسَوۡفَ نُؤۡتِيهِ أَجۡرًا عَظِيمٗا ﴾
[النِّسَاء: 114]
﴿لا خير في كثير من نجواهم إلا من أمر بصدقة أو معروف﴾ [النِّسَاء: 114]
Ba Sein ၁၁၄။ သူတို့၏လျှို့ဝှက်အစည်းအဝေးပွဲများ၌ ကောင်းကျိုးတစ်စုံတစ်ရာမရှိပေ။ သို့သော် အကြင်သူသည် အလှူဒါနပေးကမ်းမှု၊ သနားကြင်နာမှုနှင့် လူတို့အလယ်တွင် ရန်ပြေငြိမ်းချမ်းမှုများ တိုက်တွန်း လှုံ့ဆော်၏။ ထိုသူ၌ ကောင်းမှုရှိ၏။ အကြင်သူသည် အသျှင်မြတ်၏ နှစ်သက်စုံမက်ခြင်းကို လိုလား၍ ထိုကောင်းမှုကိုပြုအံ့။ ငါသအသျှင်မြတ်သည် ထိုသူအား အလွန်ကြီးကျယ်သောဆုတော်ကို ပေးသနားတော်မူမည်။ |
Ghazi Mohammad Hashim ယေဘုယျအားဖြင့် ၎င်းတို့၏ လျှို့ဝှက် တိုင်ပင်နှီးနှောခြင်းများ၌ ကောင်းမြတ်ခြင်းသည် အလျင်းမရှိချေ။ သို့ရာတွင် အကြင်သူသည် လှူဒါန်းပေးကမ်းရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကောင်းမှုပြုရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ လူတို့၏စပ်ကြားတွင် သင့်မြတ်စေရန်နှင့် စပ်လျဉ်း၍လည်းကောင်း ညွှန်ကြား၏။ (ထိုသို့သောကိစ္စများနှင့်စပ်လျဉ်း၍ လျှို့ဝှက်စွာ တိုင်ပင်နှီးနှောခြင်းများတွင်မူ ကောင်းမြတ်ခြင်းရှိပေသည်။) အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှာ ထိုကဲ့သို့ (ပေးကမ်းစွန့်ကြဲမှုကိုလည်းကောင်း၊ ကောင်းမှုကိုလည်းကောင်း၊ လူခပင်းတို့ စပ်ကြားဝယ် စေ့စပ်ခြင်းကိုလည်းကောင်း) ပြုမူအံ့။ သို့ဖြစ်လျှင် မကြာမြင့်မီ ငါအရှင်မြတ်သည် ထိုသူအား ကြီးကျယ်လှစွာသောအကျိုးကို ချီးမြှင့်ပေးသနားတော်မူအံ့။ |
Hashim Tin Myint အများအားဖြင့် သူတို့၏လျှို့ဝှက်ဆွေးနွေးမှုများတွင် ကောင်းမြတ်ခြင်းမရှိပေ။ သို့ရာတွင် အကြင်သူသည် လှူဒါန်းရန်ကိစ္စ သို့မဟုတ် လူများကြားတွင် စေ့စပ်ပေးသောကိစ္စကို ညွှန်ကြားမည်ဆိုလျှင် (ထိုကဲ့သို့ ကိစ္စများနှင့်ပတ်သက်၍ လျှို့ဝှက်တိုင်ပင်ခြင်း၌သာ ကောင်းမြတ်ခြင်းရှိသည်)။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုရယူရန်အတွက် ထိုကိစ္စများကို ပြုမူဆောင်ရွက်မည်ဆိုလျှင် မကြာမီ ငါအရှင်မြတ်သည် ထိုသူ့အား ကြီးကျယ်သောအကျိုးကို ချီးမြှင့်တော်မူမည်။ |