Quran with Burmese translation - Surah An-Nisa’ ayat 115 - النِّسَاء - Page - Juz 5
﴿وَمَن يُشَاقِقِ ٱلرَّسُولَ مِنۢ بَعۡدِ مَا تَبَيَّنَ لَهُ ٱلۡهُدَىٰ وَيَتَّبِعۡ غَيۡرَ سَبِيلِ ٱلۡمُؤۡمِنِينَ نُوَلِّهِۦ مَا تَوَلَّىٰ وَنُصۡلِهِۦ جَهَنَّمَۖ وَسَآءَتۡ مَصِيرًا ﴾
[النِّسَاء: 115]
﴿ومن يشاقق الرسول من بعد ما تبين له الهدى ويتبع غير سبيل﴾ [النِّسَاء: 115]
Ba Sein ၁၁၅။ အကြင်သူအား အလ္လာဟ်အသျှင်မြတ်၏နည်းလမ်းညွှန်ပြချက်တော်ကို ထင်လင်းစေပြီးနောက် တမန်တော်ကို ဆန့်ကျင်ခုခံ၏။ ယုံကြည်သူ၏လမ်းမှတစ်ပါ။ အခြားလမ်းကိုလိုက်၏။ ငါအသျှင်မြတ် သည်ထိုသူကို သူကိုယ်တိုင်လိုက်သောလမ်းတွင် ထားတော်မူ၏။ ငရဲသို့ လားစေတော်မူမည်။ ထိုငရဲသည် အလွန်ဆိုးဝါး ဒုက္ခများသောခရီးအဆုံးစွန်ဖြစ်ပေ၏။ |
Ghazi Mohammad Hashim သို့ရာတွင် မည်သူမဆို မိမိအဖို့ တရားဓမ္မလမ်းစဉ်သည် ထင်ရှားခဲ့ပြီးနောက် ရစူလ်တမန်တော်ကိုဆန့်ကျင်အံ့။ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏လမ်းစဉ်မှအပ အခြားလမ်းစဉ်ကိုလိုက်နာအံ့၊ သို့ဖြစ်လျှင်ငါအရှင်မြတ်သည် ထိုသူအား ၎င်းကိုယ်တိုင်လှည့်ရာဘက်သို့ လှည့်ပေးတော်မူအံ့။ ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် ထိုသူအား ‘ဂျဟန္နမ်’ ငရဲဘုံသို့ ထည့်သွင်းတော်မူအံ့။ စင်စစ် ထို ‘ဂျဟန္နမ်’ငရဲဘုံသည် အလွန်ယုတ်ညံ့လှသော ပြန်လည်ရာဌာနပင်ဖြစ်ပေသည်။ |
Hashim Tin Myint ထို့ပြင် မည်သူမဆို သူ့အတွက် တရားလမ်းမှန်သည် ထင်ရှားခဲ့ပြီးနောက် ရစူလ်တမန်တော်ကို ဆန့်ကျင်မည်၊ ၎င်းပြင် ထိုသူသည် အီမာန်ယုံကြည်သူများ၏ လမ်းစဉ်မှလွဲ၍ အခြားလမ်းစဉ်ကို လိုက်နာမည်ဆိုလျှင်၊ ငါအရှင်မြတ်သည် ထိုသူ့အား သူကိုယ်တိုင် လှည့်သည့်ဘက်သို့ လှည့်ပေးတော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ထိုသူ့အား ဂျဟန္နမ်ငရဲဘုံထဲသို့ ထည့်သွင်းတော်မူမည်။* ထို့ပြင် ထိုဂျဟန္နမ်ငရဲဘုံသည် အလွန်ယုတ်ညံ့သော ပြန်လည်ရာစခန်းဖြစ်သည်။ |