×

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြား (သော ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရန် ခွင့်ပြုတော်မမူဘဲ ထိုသို့ ကိုးကွယ်ခြင်းမှလွဲ၍ 4:116 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:116) ayat 116 in Burmese

4:116 Surah An-Nisa’ ayat 116 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 116 - النِّسَاء - Page - Juz 5

﴿إِنَّ ٱللَّهَ لَا يَغۡفِرُ أَن يُشۡرَكَ بِهِۦ وَيَغۡفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَآءُۚ وَمَن يُشۡرِكۡ بِٱللَّهِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا ﴾
[النِّسَاء: 116]

ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြား (သော ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရန် ခွင့်ပြုတော်မမူဘဲ ထိုသို့ ကိုးကွယ်ခြင်းမှလွဲ၍ (အခြားပြစ်မှု ဒုစရိုက်ကျူးလွန်သူတို့အနက်မှ) အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ခွင့်လွှတ်တော်မူနိုင်၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြားသော (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာတို့ကို ကိုးကွယ်ပါက ထိုသူသည် (အမှန်တရားသစ္စာမှ အလှမ်းဝေးကွာလျက်) အလွဲကြီး လွဲမှားနေသည့် လမ်းမှားသို့ မုချ ရောက်ခဲ့ပြီ ဖြစ်၏။

❮ Previous Next ❯

ترجمة: إن الله لا يغفر أن يشرك به ويغفر ما دون ذلك لمن, باللغة البورمية

﴿إن الله لا يغفر أن يشرك به ويغفر ما دون ذلك لمن﴾ [النِّسَاء: 116]

Ba Sein
၁၁၆။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် အသျှင်မြတ်အား ဖက်စပ်ပေးမှုကို အပြစ်လွှတ်တော် မမူချေ။ ထိုပြစ်မှုမှတစ်ပါး အခြားပြစ်မှုများကို အလိုတော်ရှိသူအား ခွင့်လွှတ်တော်မူ၏။ အကြင်သူ သည် အလ္လာဟ်အသျှင်မြတ်အား ဖက်စပ်သူများပေးအံ့။ ထိုသူသည် တရားလမ်းကြောင်းမှဝေးစွာ တိမ်းစောင်းသွားသူဖြစ်၏။
Ghazi Mohammad Hashim
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြားတစ်စုံတစ်ရာကို) မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို အလျင်း ချမ်းသာခွင့်ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြားအပြစ်ကိုမူ မိမိအလိုရှိတော်မူသူအား ခွင့်လွှတ်တော်မူပေမည်။ အမှန်စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ယှဉ်ပြိုင်ကိုးကွယ်) ပါမူ၊ ထိုသူသည် မလွဲဧကန် (မှန်ကန်သောတရားလမ်းတော်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ရောက်ရှိချေပြီ။
Hashim Tin Myint
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်သည်ကို လုံးဝ ခွင့်လွှတ်ချမ်းသာ‌ပေး‌တော်မူမည် မဟုတ်‌ပေ။* သို့ရာတွင် ထိုအရာမှလွဲ၍ အခြားအပြစ်ကိုမူ အရှင်မြတ်အလိုရှိ‌တော်မူ‌သောသူအား ခွင့်လွှတ်‌တော်မူမည်။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်လျှင် ထိုသူသည် (မှန်ကန်‌သောလမ်းမှ) အလွန်‌ဝေးလံ‌သောလမ်းမှားသို့ အမှန်စင်စစ် လွဲမှားသွားပြီဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek