Quran with Burmese translation - Surah An-Nisa’ ayat 127 - النِّسَاء - Page - Juz 5
﴿وَيَسۡتَفۡتُونَكَ فِي ٱلنِّسَآءِۖ قُلِ ٱللَّهُ يُفۡتِيكُمۡ فِيهِنَّ وَمَا يُتۡلَىٰ عَلَيۡكُمۡ فِي ٱلۡكِتَٰبِ فِي يَتَٰمَى ٱلنِّسَآءِ ٱلَّٰتِي لَا تُؤۡتُونَهُنَّ مَا كُتِبَ لَهُنَّ وَتَرۡغَبُونَ أَن تَنكِحُوهُنَّ وَٱلۡمُسۡتَضۡعَفِينَ مِنَ ٱلۡوِلۡدَٰنِ وَأَن تَقُومُواْ لِلۡيَتَٰمَىٰ بِٱلۡقِسۡطِۚ وَمَا تَفۡعَلُواْ مِنۡ خَيۡرٖ فَإِنَّ ٱللَّهَ كَانَ بِهِۦ عَلِيمٗا ﴾
[النِّسَاء: 127]
﴿ويستفتونك في النساء قل الله يفتيكم فيهن وما يتلى عليكم في الكتاب﴾ [النِّسَاء: 127]
Ba Sein ၁၂၇။ အို-တမန်တော် ၎င်းတို့သည် သင့်အား မိန်းမမားနှင့်စပ်လျဉ်း၍ နှီးနှောတိုင်ပင်ကြ၏။ ဟောကြားလော့။ အလ္လာဟ်အသျှင်မြတ်သည် သူတို့နှင့်ပတ်သက်၍ ပညတ်ပေးတော်မူ၏။ သင်တို့အား ရွတ်ဖတ်ပြသော ကုရ်အာန်ကျမ်းတော်မြတ်၌ သင်တို့အတွက် မိဘမဲ့မိန်းမတို့နှင့် စပ်လျဉ်း၍ ပညတ်တော်ပါရှိ၏။ သင်တို့သည် သူတို့ကို ထိမ်းမြားလက်ထပ်လိုသော်လည်း သူတို့အား ပေးရမည်ဟု ပညတ်တော်မူသောအရာဝထ္ထုကို သင်တို့မပေးပေ။ ကျမ်းတော်၌ အရွယ်မရောက်သော ကလေးများနှင့်ပတ်သက်သော ပညတ်တော်လည်းပါရှိ၏။ သင်တို့အား မိဘမဲ့တို့နှင့် တရားမျှတစွာ ဆက်ဆံရန် ပညတ်တော်မူ၏။ သင်တို့ ကောင်းမှုပြုသမျှကို အလ္လာဟ်အသျှင်မြတ် မုချဧကန် သိမြင်တော်မူ၏။ |
Ghazi Mohammad Hashim ၎င်းပြင် ထိုသူတို့သည် မိန်းမတို့ (၏ အမွေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ‘မဟရ်’ နှင့် စပ်လျဉ်း၍လည်းကောင်း) ဓမ္မသတ်ဆုံးဖြတ်ချက်ကို အသင့်ထံတောင်းကြကုန်သည်။ အသင်သည် (ထိုသူတို့အားဤသို့) ဖြေကြားပါလေ။“အလ္လာဟ်အရှင်မြတ်သည် မိန်းမတို့နှင့်ပတ်သက်၍ အသင်တို့အား (ယခင်အတိုင်းပင်) တရားစီရင် ပြဋ္ဌာန်းပေးတော်မူလေသည်။ ထို့ပြင်တဝ (ယခင်က ချမှတ်ပေးတော်မူခဲ့ပြီးဖြစ်၍) ကုရ်အာန်ကျမ်းတော်မြတ်တွင် အသင်တို့အား ဖတ်ရွတ်ကြားနာစေတော်မူခဲ့သော မုက္ခပါဌ်တော် များသည်လည်း (အသင်တို့ကို ညွှန်ကြားလျက်) ရှိပေသည်။ ထိုမုက္ခပါဌ်တော်များသည် အကြင် မိဘမဲ့မိန်းကလေးတို့နှင့်ပတ်သက်သော မုက္ခပါဌ်တော်များဖြစ်၏။ အသင်တို့သည် ထိုမိန်းကလေးတို့အဖို့ သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော အခွင့်အရေးများကို မပေးကြပေ။ ၎င်းပြင် အသင်တို့သည် ထိုမိန်းကလေးတို့နှင့်လည်း ထိမ်းမြားလိုကြ၏။ ထိုနည်းတူစွာ (ယင်း မုက္ခပါဌ်တော်များသည်) အားအင်ချည့်နဲ့သော သူငယ်တို့နှင့်ပတ်သက်သော အမိန့်တော်များလည်းဖြစ်၏။ ၎င်းပြင် အသင်တို့သည် မိဘမဲ့ကလေးတို့နှင့်ပတ်သက်၍ တရားမျှတစွာဆောင်ရွက်ကြရန် အမိန့်တော်လည်းဖြစ်ပေသည်။ အမှန်စင်စစ်သော်ကား အသင်တို့သည် မည်သည့်ကောင်းမှုကိုမဆို ပြုလုပ်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ ယင်းကောင်းမှုကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။” |
Hashim Tin Myint ထို့ပြင် သူတို့သည် မိန်းမများနှင့်ပတ်သက်၍ အသင့်ထံသို့ ဆုံးဖြတ်ချက်လာတောင်းကြသည်။ (အို- တမန်တော်)အသင် ပြောဆိုဖြေကြားလိုက်ပါ၊ အလ္လာဟ်အရှင်မြတ်သည် မိန်းမများနှင့်ပတ်သက်၍ အသင်တို့ကို ပြဋ္ဌာန်းပေးတော်မူသည်။ ထို့ပြင် ကုရ်အာန်ကျမ်းတော်မြတ်တွင် အသင်တို့ကို ဖတ်ရွတ်ပြခဲ့သော အာယတ်တော်များသည်လည်း (ပြဋ္ဌာန်းပြီးဖြစ်လျက်)ရှိသည်။ ထို(အာယသ်တော်)များသည် အကြင်မိဘမဲ့မိန်းကလေးများနှင့်ပတ်သက်သော အာယသ်တော်များဖြစ်သည်။ ထိုမိန်းကလေးများအတွက် ပြဋ္ဌာန်းထားတော်မူသော အခွင့်အရေးများကို သူမတို့အား အသင်တို့သည် မပေးကြပေ။ ထို့ပြင် အသင်တို့သည် ထိုမိန်းကလေးများနှင့်လည်း ထိမ်းမြားလိုကြသည်။ (ထိုအာယသ်တော်များသည်)ထိုကဲ့သို့ အားအင်ချည့်နဲ့သည့်ကလေးများနှင့်ပတ်သက်သော အမိန့်တော်များဖြစ်သည်။ ထို့ပြင် အသင်တို့သည် အဘမဲ့ကလေးများနှင့်ပတ်သက်၍ မျှတစွာ ဆောင်ရွက်ကြရန်အတွက် အမိန့်တော်လည်းဖြစ်သည်။ ၎င်းပြင် အသင်တို့သည် မည်သည့်ကောင်းမှုကိုမဆို ပြုလုပ်သည်ဖြစ်စေ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုကောင်းမှုကို အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |