﴿وَلَن تَسۡتَطِيعُوٓاْ أَن تَعۡدِلُواْ بَيۡنَ ٱلنِّسَآءِ وَلَوۡ حَرَصۡتُمۡۖ فَلَا تَمِيلُواْ كُلَّ ٱلۡمَيۡلِ فَتَذَرُوهَا كَٱلۡمُعَلَّقَةِۚ وَإِن تُصۡلِحُواْ وَتَتَّقُواْ فَإِنَّ ٱللَّهَ كَانَ غَفُورٗا رَّحِيمٗا ﴾
[النِّسَاء: 129]
ထို့ပြင် အသင်တို့သည် အမည်မျှပင် တရားမျှတစေရန် ဆန္ဒထားရှိကြသော်လည်း (ဇနီးသည်တစ်ဦး ထက်ပိုကြသူတို့အနေဖြင့်) သူတို့၏အမျိုးသမီးများစပ်ကြားတွင် လုံးဝ ဥဿုံရာနှုံးပြည့် တရားမျှတအောင် အလျင်း ပြုနိုင်ကြမည် မဟုတ်ပေ။ မည်သို့ဆိုစေကာမူ (ဇနီးသည်တစ်းဦးထက်ပိုရှိသူတို့အနေဖြင့် အခြား ဇနီးသည်တို့၏အခွင့်အရေးများကို လျစ်လျူရှူ၍ အာရုံစူးစိုက်မှု အလုံးစုံးကို) ဇနီးသည် တစ်ဦးတည်းအပေါ်သာ ထားလျက် အခြားဇနီးသည်တို့အား ယောကျ်ားရှိပါလျက် အထီးကျန်စေရန် တွဲလောင်းချထားသည့် အခြေအနေ၌ ပစ်ထားခြင်းဖြင့် တစ်ဦးတည်းဘက်ကိုသာ တိမ်းညွတ်နွဲ့ယိမ်း မသွားကြလေနှင့်။ ထိုသို့မဖြစ်ရလေအောင် စေ့စပ်ညှိနှိုင်း၍ အဖြေရှာခြင်းဖြင့် မျှတသင့်မြတ်မှုကို အကောင်အထည် ဖော်ကြလော့။ သို့ရာတွင် အကယ်၍ သင်တို့သည် (ဇနီးမိန်းမတို့နှင့်ပတ်သက်၍ သူတို့၏ ချွတ်ယွင်းချက်များကို) ပြုပြင်၍ (တစ်ဘက်သက် ဇနီးမိန်းမ တစ်ဦးဦးဘက်သို့ ယိမ်းယိုင်ခြင်းမှ) ဆင်ခြင်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန်၊ အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ترجمة: ولن تستطيعوا أن تعدلوا بين النساء ولو حرصتم فلا تميلوا كل الميل, باللغة البورمية
﴿ولن تستطيعوا أن تعدلوا بين النساء ولو حرصتم فلا تميلوا كل الميل﴾ [النِّسَاء: 129]