Quran with Burmese translation - Surah An-Nisa’ ayat 134 - النِّسَاء - Page - Juz 5
﴿مَّن كَانَ يُرِيدُ ثَوَابَ ٱلدُّنۡيَا فَعِندَ ٱللَّهِ ثَوَابُ ٱلدُّنۡيَا وَٱلۡأٓخِرَةِۚ وَكَانَ ٱللَّهُ سَمِيعَۢا بَصِيرٗا ﴾
[النِّسَاء: 134]
﴿من كان يريد ثواب الدنيا فعند الله ثواب الدنيا والآخرة وكان الله﴾ [النِّسَاء: 134]
Ba Sein ၁၃၄။ အကြင်သူသည် လောကီကို လိုချင်မက်မော၏။ အသျှင်မြတ်အထံတော်၌ ဤဘဝ၊ နောင်ဘဝ၏ ဆုတော်ရှိကြောင်းကို ထိုသူအားသိစေလော့။ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမရှိကြားတော် မူသော၊ အကြွင်းမရှိမြင်တော်မူသောအသျှင်တည်း။ |
Ghazi Mohammad Hashim မည်သူမဆို မျက်မှောက်လောကီဘဝ၏ အကျိုးကို (သာ) အလိုရှိပါမူ၊ (ထိုသူသည် အသိအလိမ္မာကင်းမဲ့သူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်) အလ္လာဟ်အရှင်မြတ်အထံတော်၌ မျက်မှောက်လောကီဘဝနှင့် နောင်တမလွန်ဘဝ (နှစ်ဘဝလုံး) ၏ အကျိုးကျေးဇူးသည် ရှိ၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (လျှောက်ထားပန်ကြားချက်အလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်၊ (လူခပင်းတို့၏ စိတ်စေတနာများကို) အကြွင်းမဲ့ ခွဲခြားသိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (ရကူ) |
Hashim Tin Myint မည်သူမဆို ဤဘဝ၏အကျိုးကို(သာ)အလိုရှိလျှင် (အရှင်မြတ် ပေးလိုသောသူကို ပေးလိုသမျှသာ ပေးမည်ဖြစ်သည်) အရှင်မြတ်ထံ၌မူ ဤဘဝနှင့်နောင်ဘဝ(နှစ်ဘဝလုံး)၏ အကျိုးကျေးဇူးများရှိသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားသိတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |