Quran with Burmese translation - Surah An-Nisa’ ayat 144 - النِّسَاء - Page - Juz 5
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَتَّخِذُواْ ٱلۡكَٰفِرِينَ أَوۡلِيَآءَ مِن دُونِ ٱلۡمُؤۡمِنِينَۚ أَتُرِيدُونَ أَن تَجۡعَلُواْ لِلَّهِ عَلَيۡكُمۡ سُلۡطَٰنٗا مُّبِينًا ﴾
[النِّسَاء: 144]
﴿ياأيها الذين آمنوا لا تتخذوا الكافرين أولياء من دون المؤمنين أتريدون أن﴾ [النِّسَاء: 144]
Ba Sein ၁၄၄။ အို-ယုံကြည်သူအပေါင်းတို့ သင်တို့သည် ယုံကြည်သူများအစား မယုံကြည်သူတို့ကို အဆွေခင်ပွန်း အဖြစ်နှင့်မယူကြလင့်။ သင်တို့သည် အလ္လာဟ်အသျှင်မြတ်အား သင်တို့နှင့် ဆန့်ကျင်သော ထင်ရှား ခိုင်မာသော သက်သေသာဓက ပေးလိုကြသလော။ |
Ghazi Mohammad Hashim အို-‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိသူအပေါင်းတို့၊ အသင်တို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့မှတစ်ပါး ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူတို့အား ကလျာဏ မိတ်သဟာယ အဆွေခင်ပွန်း မပြုလုပ်ကြကုန်လင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အဖို့ မိမိတို့နှင့်ဆန့်ကျင်၍ ထင်ရှားစွာသောသက်သေခံကို ပြုလုပ်လိုကြပါသလော။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မုအ်မင်န်များမှလွဲ၍ ကာဖိရ်များနှင့် မိတ်ဆွေမဖွဲ့ကြလေနှင့်။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အတွက် အသင်တို့နှင့် ဆန့်ကျင်ပြီး ထင်ရှားသောသက်သေခံပြုလုပ်လိုကြသလော။ |