Quran with Burmese translation - Surah An-Nisa’ ayat 143 - النِّسَاء - Page - Juz 5
﴿مُّذَبۡذَبِينَ بَيۡنَ ذَٰلِكَ لَآ إِلَىٰ هَٰٓؤُلَآءِ وَلَآ إِلَىٰ هَٰٓؤُلَآءِۚ وَمَن يُضۡلِلِ ٱللَّهُ فَلَن تَجِدَ لَهُۥ سَبِيلٗا ﴾
[النِّسَاء: 143]
﴿مذبذبين بين ذلك لا إلى هؤلاء ولا إلى هؤلاء ومن يضلل الله﴾ [النِّسَاء: 143]
Ba Sein ၁၄၃။ သူတို့သည် သည်ဘက်ယိမ်း၊ ဟိုဘက်ယိုင်ကြ၏။ ဤသူတို့ဘက်လည်းမပါ ထိုသူဘက်လည်းမပါ၊ ခြံစည်းရိုးပေါ်တွင် နေသူများဖြစ်ကြ၏။ အို-မိုဟမ္မဒ် အကြင်သူအား အလ္လာဟ်အသျှင်မြတ်သည် လမ်းမှန်မှ တိမ်းစောင်းစေတော်မူ၏။ ထိုသူအတွက် သင်သည် လမ်းရှာ၍ ရနိုင်လိမ့်မည်မဟုတ်ပေ။ |
Ghazi Mohammad Hashim (ယင်း ‘မုနာဖစ်က်’ အယောင်ဆောင် မွတ်စ်လင်မ်တို့သည်) ‘အီမာန်’ ယုံကြည်မှုနှင့် ‘ကုဖ်ရ်’ မယုံမကြည် သွေဖည်ငြင်းပယ်မှု၏ စပ်ကြားဝယ် (မည်သည့်ဘက်ကိုမျှ) အတိတကျ စိတ်ဆုံးဖြတ် နိုင်ခြင်းမရှိဘဲ၊ ထိုဘက်မရောက်၊ ဤဘက်မရောက် (သို့လော၊ သို့လော ယုံမှားသံသယတည်းဟူသော ‘ဝီစိကိစ္ဆာ’ စိတ်နှစ်ခွထားရှိသူများ) ဖြစ်နေကြကုန်၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားရှိတော်မူပါလျှင် အသင်သည် ထိုသူ၏အဖို့ မည်သည့်နည်းလမ်းကိုမျှ အလျင်းတွေ့ရှိမည်မဟုတ်ချေ။ |
Hashim Tin Myint သူတို့သည် အီမာန်ယုံကြည်မှုနှင့် ကုဖ်ရ်ငြင်းပယ်မှု၏စပ်ကြား၌ သေချာစွာ စိတ်ဆုံးဖြတ်ချက်မချနိုင်ဘဲ ထိုဘက်မရောက်၊ ဤဘက်မရောက် ဖြစ်နေကြသည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် မည်သူ့ကိုမဆို လမ်းမှား၌ထားလိုက်လျှင် အသင်သည် ထိုသူ့အတွက် မည်သည့်လမ်းကြောင်းကိုမှ လုံးဝ တွေ့မည်မဟုတ်တော့ပေ။ |