Quran with Burmese translation - Surah An-Nisa’ ayat 148 - النِّسَاء - Page - Juz 6
﴿۞ لَّا يُحِبُّ ٱللَّهُ ٱلۡجَهۡرَ بِٱلسُّوٓءِ مِنَ ٱلۡقَوۡلِ إِلَّا مَن ظُلِمَۚ وَكَانَ ٱللَّهُ سَمِيعًا عَلِيمًا ﴾
[النِّسَاء: 148]
﴿لا يحب الله الجهر بالسوء من القول إلا من ظلم وكان الله﴾ [النِّسَاء: 148]
Ba Sein ၁၄၈။ မတရားနှိပ်စက်ခြင်းခံရသူမှတစ်ပါး၊ အခြားသူတို့ ဒေါသပါသောစကားဆိုခြင်းကို အလ္လာဟ်အသျှင် သည် နှစ်သက်တော်မမူပေ။ အလ္လာဟ်အသျှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအသျှင် အကြွင်းမဲ့သိတော်မူသောအသျှင်တည်း။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည် (သူတစ်ပါး၏) မကောင်းကြောင်း ထုတ်ဖေါ်ပြောဆိုသည်ကို နှစ်မြို့တော်မမူချေ။ သို့ရာတွင် နှိပ်စက်ညှဉ်းပန်းခြင်းခံရသောသူမှာကား (မိမိအားနှိပ်စက်သူ၏ မကောင်းကြောင်းကို ထုတ်ဖေါ်ပြောဆိုပိုင်ခွင့်ရှိပေသည်။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူ၏ ပြောဆိုမှုကို) ကောင်းစွာ ကြားသိတော်မူသောအရှင်၊ (ညှဉ်းပန်းနှိပ်စက်သောသူ၏ အကြောင်းကိုလည်း) ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူသည်။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် နှိပ်စက်ညှဉ်းပန်းခံရသူမှလွဲ၍* မကောင်းကြောင်းထုတ်ဖော်ပြောဆိုသည်ကို နှစ်သက်တော်မမူပေ။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (သူပြောသမျှကို)အကြွင်းမဲ့ကြားတော်မူသောအရှင်၊ (သူလုပ်သမျှကို)အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |