×

(လူမှုဆက်ဆံရေးနယ်ပယ်တွင်) သင်တို့သည် ကောင်းမှုတစ်စုံတစ်ခုကို လူသိရှင်ကြားထုတ်ဖော်၍ ကျင့်ကြံဆောင်ရွက်ကြသည်ဖြစ်စေ သို့မဟုတ် အဆိုပါကောင်းမှုအား အများသူငှာ မသိစေရန် လျှို့ဝှက် ဖုံး ကွယ်ထားကြသည်ဖြစ်စေ၊ 4:149 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:149) ayat 149 in Burmese

4:149 Surah An-Nisa’ ayat 149 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 149 - النِّسَاء - Page - Juz 6

﴿إِن تُبۡدُواْ خَيۡرًا أَوۡ تُخۡفُوهُ أَوۡ تَعۡفُواْ عَن سُوٓءٖ فَإِنَّ ٱللَّهَ كَانَ عَفُوّٗا قَدِيرًا ﴾
[النِّسَاء: 149]

(လူမှုဆက်ဆံရေးနယ်ပယ်တွင်) သင်တို့သည် ကောင်းမှုတစ်စုံတစ်ခုကို လူသိရှင်ကြားထုတ်ဖော်၍ ကျင့်ကြံဆောင်ရွက်ကြသည်ဖြစ်စေ သို့မဟုတ် အဆိုပါကောင်းမှုအား အများသူငှာ မသိစေရန် လျှို့ဝှက် ဖုံး ကွယ်ထားကြသည်ဖြစ်စေ၊ သို့တည်းမဟုတ် (သင်တို့အပေါ် ကျူးလွန်ခဲ့ပြီး သင်တို့အရေးယူပိုင်ခွင့်ရှိသော) မကောင်းမှုအကုသိုလ်တစ်ခုခုကို မျိုသိပ်ထားလျက် ခွင့်လွှတ်ကြသည်ဖြစ်စေ မုချဧကန်၊ အလ္လာဟ် အရှင်မြတ် လည်း သင်တို့အပေါ် အလွန်ပင် ခွင့်လွှတ်တော်မူသောအရှင်၊ အရာခပ်သိမ်းကို အရှင့်ဩဇာအာဏာနှင့်စည်းမျဉ်း နိယာမတော်များဖြင့် ထိန်းချုပ်ထားလျက် အလွန်ပင် စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: إن تبدوا خيرا أو تخفوه أو تعفوا عن سوء فإن الله كان, باللغة البورمية

﴿إن تبدوا خيرا أو تخفوه أو تعفوا عن سوء فإن الله كان﴾ [النِّسَاء: 149]

Ba Sein
၁၄၉။ သင်တို့သည် သုစရိုက်ကောင်းမှုကို လူသိရှင်ကြားသော်လည်းကောင်း၊ တိတ်တိတ်တိုးတိုးသော် လည်းကောင်း၊ ပြုကျင့်သည်ဖြစ်စေ၊ မကောင်းမှုကို ခွင့်လွှတ်သည်ဖြစ်စေ၊ အလ္လာဟ်အသျှင်မြတ်သည် မုချဧကန် အပြစ်လွှတ်တော်မူ၏။ အနန္တတန်ခိုးတော်သျှင်ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
(ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသောသူ၌ မိမိ မကျေမနပ်ဖြစ်ကြောင်းကို ထုတ်ဖေါ်ပြောဆို ညည်းညူနိုင်ခွင့်ရှိငြားလည်း) အကယ်၍ အသင်တို့သည် ကောင်းမှုတစ်စုံတစ်ရာကို ထုတ်ဖေါ်ကြပါလျှင်၊ သို့မဟုတ် ယင်းကောင်းမှုကို ဖုံးအုပ်ကြပါလျှင်၊ သို့တည်းမဟုတ် အသင်တို့သည် တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ကြပါလျှင် (ဤသည် အကောင်းဆုံးပင်တည်း။ အကြောင်းသော်ကား) ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်လည်း အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ စွမ်းဆောင်နိုင်တော်မူသောအရှင်လည်း ဖြစ်တော်မူ၏။
Hashim Tin Myint
အကယ်၍ အသင်တို့သည် ‌ကောင်းမှုကို ထုတ်‌ဖော်ကြလျှင်၊ သို့မဟုတ် ထို‌ကောင်းမှုကို လျှို့ဝှက်ထားကြလျှင် သို့မဟုတ် ပြစ်မှုတစ်စုံတစ်ခုကို ခွင့်လွှတ်ကြလျှင် (ထိုအရာသည် အလွန်‌ကောင်းသည်)။ အဘယ့်‌ကြောင့်ဆို‌သော် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်‌တော်မူ‌သောအရှင်၊ အလွန်စွမ်း‌ဆောင်နိုင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek