Quran with Burmese translation - Surah An-Nisa’ ayat 155 - النِّسَاء - Page - Juz 6
﴿فَبِمَا نَقۡضِهِم مِّيثَٰقَهُمۡ وَكُفۡرِهِم بِـَٔايَٰتِ ٱللَّهِ وَقَتۡلِهِمُ ٱلۡأَنۢبِيَآءَ بِغَيۡرِ حَقّٖ وَقَوۡلِهِمۡ قُلُوبُنَا غُلۡفُۢۚ بَلۡ طَبَعَ ٱللَّهُ عَلَيۡهَا بِكُفۡرِهِمۡ فَلَا يُؤۡمِنُونَ إِلَّا قَلِيلٗا ﴾
[النِّسَاء: 155]
﴿فبما نقضهم ميثاقهم وكفرهم بآيات الله وقتلهم الأنبياء بغير حق وقولهم قلوبنا﴾ [النِّسَاء: 155]
Ba Sein ၁၅၅။ ထို့နောက် သူတို့သည် မိမိတို့ပဋိညာဉ်ကို ဖျက်ချိုးမှု၊ အလ္လာဟ်၏နှုတ်ကပတ်တော်များကို မယုံကြည်မှု သူတို့က အကျွနု်ပ်တို့ စိတ်နှလုံးများသည် မာပြင်းလာပြီဟုဆိုမှုများကြောင့် နှလုံးမာသည်မဟုတ်ပေ။ သူတို့၏မယုံမှုကြောင့် အသျှင်မြတ်သည် သူတို့၏နှလုံးကို တံဆိပ်ခပ်နှိပ်ထားတော်မူ၏။ ထို့ကြောင့် သူတို့အနက် လူအနည်းငယ်မှတစ်ပါး အားလုံးသူတို့သည် မယုံကြည်ကြပေ။ |
Ghazi Mohammad Hashim ထို့နောက် ၎င်းတို့သည် မိမိတို့ထားရှိကြကုန်သော ပဋိညာဉ်ဝန်ခံချက်ကို ဖောက်ဖျက်ခြင်းကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို သွေဖည်ငြင်းပယ်ခြင်း ကြောင့်လည်းကောင်း၊ နဗီတမန်တော်များကို မတရားသဖြင့် သတ်ဖြတ်ခြင်းကြောင့်လည်းကောင်း၊ ယင်းသူတို့က (နဗီတမန်တော်မုဟမ္မဒ်အား) “ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဖုံးအုပ် (လုံခြုံ) ပြီး ဖြစ်လေသည်” ဟု ပြောဆိုခြင်းကြောင့်လည်းကောင်း၊ (ပြစ်ဒဏ်အမျိုးမျိုးတို့ကို ခံစားခဲ့ကြရလေသည်) ။ စင်စစ်သော်ကား (၎င်းတို့၏စိတ်နှလုံးသည်) ထိုသို့ အလျင်း ဖုံးအုပ်နေသည် မဟုတ်ပေ။ အမှန်မှာ ထိုသူတို့၏ ငြင်းပယ်သွေဖည်မှုကြောင့် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့၏စိတ်နှလုံးများပေါ်ဝယ် တံဆိပ်ခတ်နှိပ်တော်မူခဲ့လေသည်။ သို့အတွက်ကြောင့် ၎င်းတို့သည် အနည်းငယ်မျှသာ ယုံကြည်ကြ ကုန်သတည်း။ |
Hashim Tin Myint ထို့နောက် သူတို့သည် သူတို့၏ကတိဝန်ခံချက်ကို ဖောက်ဖျက်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏သက်သေလက္ခဏာများကို ငြင်းပယ်ခြင်း၊ နဗီတမန်တော်များကို မတရားသတ်ဖြတ်ခြင်း၊ ကျွန်ုပ်တို့၏စိတ်နှလုံးများသည် ဖုံးအုပ်ပြီးဖြစ်သည်ဟု ပြောဆိုခြင်းတို့ကြောင့် (ပြစ်ဒဏ်များခံစားခဲ့ကြရသည်)။ (အမှန်စင်စစ် သူတို့၏စိတ်နှလုံးများသည် ထိုကဲ့သို့ ဖုံးအုပ်နေသည် မဟုတ်ပေ) အမှန်မှာ သူတို့၏ငြင်းပယ်မှုများကြောင့် အလ္လာဟ်အရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအပေါ်တွင် တံဆိပ်ခတ်နှိပ်တော်မူခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူတို့သည် အနည်းငယ်မျှသာ ယုံကြည်ကြသည်။ |