×

“ကျမ်းရပုဂ္ဂိုလ်များအနက် တစ်ယောက်မကျန် (အားလုံး) သည် တမန်တော်အီစာနှင့်ပတ်သက်၍ (သူ့အား လက်ဝါးကပ်တိုင်သို့ တင်၍ ကွပ်မျက်ခဲ့၏။ လူတို့၏အပြစ်အားလုံးအတွက် သူအသက် ပေးခဲ့၏။ 4:159 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:159) ayat 159 in Burmese

4:159 Surah An-Nisa’ ayat 159 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 159 - النِّسَاء - Page - Juz 6

﴿وَإِن مِّنۡ أَهۡلِ ٱلۡكِتَٰبِ إِلَّا لَيُؤۡمِنَنَّ بِهِۦ قَبۡلَ مَوۡتِهِۦۖ وَيَوۡمَ ٱلۡقِيَٰمَةِ يَكُونُ عَلَيۡهِمۡ شَهِيدٗا ﴾
[النِّسَاء: 159]

“ကျမ်းရပုဂ္ဂိုလ်များအနက် တစ်ယောက်မကျန် (အားလုံး) သည် တမန်တော်အီစာနှင့်ပတ်သက်၍ (သူ့အား လက်ဝါးကပ်တိုင်သို့ တင်၍ ကွပ်မျက်ခဲ့၏။ လူတို့၏အပြစ်အားလုံးအတွက် သူအသက် ပေးခဲ့၏။ အရှင်မြတ်၏ သားတော်ဖြစ်၏။” ဟု မဟုတ်မတရား စွပ်စွဲပြောနေကြသော်လည်း) သူမကွယ်လွန်မီ လူတိုင်းက သူ့ကို ယုံကြည်ရလိမ့်မည်။ ထို့ပြင် ရှင်ပြန်ထမြောက်မည့်နေ့တွင် သူသည် သင်တို့အားလုံး (၏ စွပ်စွဲချက်များ) အပေါ်ဝယ် သက်သေခံတစ်ဦး ဖြစ်လိမ့်မည်။ ထို့ပြင် ဆွလာသ်ဝတ်ပြုမှုကိုလည်း (ယင်း၏စည်းမျဉ်းစည်းကမ်းနှင့်အညီ မြဲမြံစွာ) ဆောက်တည်ခဲ့ကြသူများ၊ ဇကာသ် (ခေါ် တရားတော်အရ ချို့တဲ့ဆင်းရဲသူတို့အတွက် လူမှုဖူလုံကြေး) ပေးကမ်းလှူဒါန်းကြသူများ၊ အလ္လာဟ်အရှင်မြတ်နှင့်နောက်ဆုံးနေ့ကို ဖြူစင်စွာ ယုံကြည်ကြသူများလည်း (အရှင်မြတ်က ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်အပေါ် ယုံကြည်မှုအပြည့်ရှိကြ၏။) ငါအရှင်မြတ်သည် ထိုသူတို့ အား မကြာမီ ကြီးကျယ်မြင့်မြတ်သော အကျိုးဆုလဒ်တစ်ခု ချီးမြှင့်တော်မူလိမ့်မည်။

❮ Previous Next ❯

ترجمة: وإن من أهل الكتاب إلا ليؤمنن به قبل موته ويوم القيامة يكون, باللغة البورمية

﴿وإن من أهل الكتاب إلا ليؤمنن به قبل موته ويوم القيامة يكون﴾ [النِّسَاء: 159]

Ba Sein
၁၅၉။ ရှေးကျမ်းတော်များကို ရရှိသောအမျိုးသားတို့အနက် တမန်တော်အီဆာအား မသေမှီ သူယုံကြည် သူမှတစ်ပါး အခြားသူတစ်ယောက်မျှမရှိချေ။ တရားစီရင်တော်မူသောနေ့တော်ကြီး၌ သူသည် သူတို့နှင့် ဆန့်ကျင်သော သက်သေတော်ဖြစ်လိမ့်မည်။
Ghazi Mohammad Hashim
၎င်းပြင် ရှေးအထက်ကျမ်းဂန်ကို ရရှိသူ (ယဟူဒီ) တို့အနက် တစ်ယောက်မကျန် နဗီတမန်တော် မစီဟ်အီစာမကွယ်လွန်မီ ထိုနဗီတမန်တော် မစီဟ်အီစာအား ယုံကြည်ကြကုန်အံ့။ ထို့ပြင်တဝ ယင်းနဗီတမန်တော်အီစာသည် ‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် ယင်း (ယဟူဒီ) တို့နှင့်ပတ်သက်၍ သက်သေခံလိမ့်မည် ဖြစ်ချေသတည်း။
Hashim Tin Myint
ထို့ပြင် ကျမ်းရသူများထဲမှ တစ်ဦးမှမကျန်ဘဲ ၎င်း(တမန်‌တော်အီစာ)မကွယ်လွန်မီ ၎င်းကို ယုံကြည်ကြလိမ့်မည်။ ၎င်းပြင် ၎င်း(တမန်‌တော်အီစာ)သည် ကိယာမသ်ရှင်ပြန်ထမည့်‌နေ့တွင် သူတို့(ယဟူဒီများ)နှင့်ပတ်သက်၍ (ဆန့်ကျင်)သက်‌သေခံသူဖြစ်လိမ့်မည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek