Quran with Burmese translation - Surah An-Nisa’ ayat 19 - النِّسَاء - Page - Juz 4
﴿يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا يَحِلُّ لَكُمۡ أَن تَرِثُواْ ٱلنِّسَآءَ كَرۡهٗاۖ وَلَا تَعۡضُلُوهُنَّ لِتَذۡهَبُواْ بِبَعۡضِ مَآ ءَاتَيۡتُمُوهُنَّ إِلَّآ أَن يَأۡتِينَ بِفَٰحِشَةٖ مُّبَيِّنَةٖۚ وَعَاشِرُوهُنَّ بِٱلۡمَعۡرُوفِۚ فَإِن كَرِهۡتُمُوهُنَّ فَعَسَىٰٓ أَن تَكۡرَهُواْ شَيۡـٔٗا وَيَجۡعَلَ ٱللَّهُ فِيهِ خَيۡرٗا كَثِيرٗا ﴾
[النِّسَاء: 19]
﴿ياأيها الذين آمنوا لا يحل لكم أن ترثوا النساء كرها ولا تعضلوهن﴾ [النِّسَاء: 19]
Ba Sein ၁၉။ အို-ယုံကြည်သူတို့ သင်တို့သည် မိန်းမတို့ကို အတင်းအဓမ္မ အမွေအဖြစ်ဖြင့် သိမ်းပိုက်ခြင်းသည် တရားမဝင်ပေ။ သူတို့သည် ကာမခိုးမှု မကျူးလွန်ဘဲလျက် သူတို့၏ခန်းဝင်ပစ္စည်းများမှ အချို့ တစ်ဝက်ကိုရစိမ့်သောငှာ သူတို့ကို နှိပ်စက်ခြင်းသည်လည်း တရားမဝင်ပေ။ သူတို့ကို သနား ကြင်နာစွာ ဆက်ဆံပေါင်းသင်းကြလော့။ အကြောင်းမူကား သင်တို့သည် သူတို့အား မုန်းတီးလျှင် အလ္လယဟ်အသျှင်မြတ် ကောင်းစွာမင်္ဂလာပြုသောအရာကို သင်တို့ မုန်းမိကောင်းမုန်းမိကြလိမ့်မည်။ |
Ghazi Mohammad Hashim အို- သက်ဝင်ယုံကြည်သူ အပေါင်းတို့။ အသင်တို့အဖို့ မိန်းမတို့အား အဓမ္မနည်းဖြင့် အမွေ (ပစ္စည်း) အဖြစ် သိမ်းပိုက်ခြင်းသည် တရားသက်ဝင်သည်မဟုတ်ပေ။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ပေးခဲ့ဖူးသော ပစ္စည်းအချို့အဝက်ကို ပြန်လည်၍ယူရန်အလို့ငှာ ထိုမိန်းမတို့အား (ထိမ်းမြားခြင်းမှ) ပိတ်ပင်တားဆီးခြင်းကိုလည်း မပြုကြလေနှင့်၊ သို့ရာတွင် ထိုမိန်းမများသည် ထင်ရှားသော စက်ဆုပ်ရွံ့ရှာဖွယ် အမှုကိစ္စကို ပြုကျင့်သည်ရှိသော် (အသင်တို့သည် ထိုမိန်းမတို့အား ထိမ်းမြားခြင်းမှ ပိတ်ပင်တားဆီးနိုင်ကြပေသည်။ ထိုမိန်းမတို့၏ ဥစ္စာပစ္စည်းကိုယူပိုင်ကြပေသည်) ။ ၎င်းပြင် အသင်တို့သည် ယင်းမိန်းမတို့နှင့် ကောင်းမွန်စွာ ဆက်ဆံကြလေကုန်။ တစ်ဖန် အကယ်၍ အသင်တို့သည် ထိုမိန်းမတို့ကို မနှစ်ခြိုက်ကြပါမူ (ခန္တီတရားထားရှိကြကာ သည်းခံကြလေကုန်) ။ အကြောင်းသော်ကား အသင်တို့သည် တစ်စုံတစ်ရာကို မနှစ်ခြိုက်ကြငြားလည်း အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများ၌ များစွာသော ကောင်းမြတ်ခြင်းကို ပြုလုပ်တော်မူတန်ရာ၏။ |
Hashim Tin Myint အို- အီမာန်ယုံကြည်သူအပေါင်းတို့၊ အသင်တို့အတွက် မိန်းမများအား အတင်းအကျပ် အမွေအဖြစ် သိမ်းပိုက်ခြင်းသည် တရားမဝင်ပေ။* ထို့ပြင် အသင်တို့သည် သူမတို့အားပေးခဲ့ဖူးသော ပစ္စည်းတစ်ချို့တစ်ဝကိုပြန်ယူရန်အတွက် ထိုမိန်းမများကို(ထိမ်းမြားခြင်းမှ) တားဆီးခြင်းမပြုကြနှင့်။* သို့ရာတွင် ထိုမိန်းမများသည် ထင်ရှားသောစက်ဆုပ်ဖွယ်ရာအမှုကိစ္စကို ပြုကျင့်လျှင် (သူမတို့အား ထိမ်းမြားခြင်းမှ တားဆီးနိုင်သည်)။ ထို့ပြင် အသင်တို့သည် ထိုမိန်းမများနှင့် ကောင်းမွန်စွာ ဆက်ဆံကြပါ။* ၎င်းပြင် အကယ်၍ အသင်တို့သည် ထိုမိန်းမများကို မနှစ်မြို့ကြလျှင်လည်း (သည်းခံကြပါ)။ အဘယ့်ကြောင့်ဆိုသော် အသင်တို့သည် တစ်စုံတစ်ရာ မနှစ်မြို့ကြသော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုအရာများထဲ၌ များစွာသော ကောင်းမြတ်ခြင်းများကို ပြုလုပ်ပေးနိုင်တော်မူသည်။ |