×

ထို့ပြင် (ကျမ်းတော်မြတ်ကုရ်အာန်ချမှတ်ပေးအပ်ခြင်း မခံရမီကပင်) သင်တို့၏လက်ဝယ်၌ ဩဇာခံအဖြစ် ရှိခဲ့ပြီး ပေါင်းသင်းခဲ့ဖူးခြင်းမှအပ အမျိုးသမီးများအနက်မှ ထိမ်းမြားခြင်းဖြင့် ထိမ်းသိမ်းစောင့်ရှောက်ခံထားရသော (အိမ်ထောင်ကျသည့်) အမျိုးသမီးများအား 4:24 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:24) ayat 24 in Burmese

4:24 Surah An-Nisa’ ayat 24 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 24 - النِّسَاء - Page - Juz 5

﴿۞ وَٱلۡمُحۡصَنَٰتُ مِنَ ٱلنِّسَآءِ إِلَّا مَا مَلَكَتۡ أَيۡمَٰنُكُمۡۖ كِتَٰبَ ٱللَّهِ عَلَيۡكُمۡۚ وَأُحِلَّ لَكُم مَّا وَرَآءَ ذَٰلِكُمۡ أَن تَبۡتَغُواْ بِأَمۡوَٰلِكُم مُّحۡصِنِينَ غَيۡرَ مُسَٰفِحِينَۚ فَمَا ٱسۡتَمۡتَعۡتُم بِهِۦ مِنۡهُنَّ فَـَٔاتُوهُنَّ أُجُورَهُنَّ فَرِيضَةٗۚ وَلَا جُنَاحَ عَلَيۡكُمۡ فِيمَا تَرَٰضَيۡتُم بِهِۦ مِنۢ بَعۡدِ ٱلۡفَرِيضَةِۚ إِنَّ ٱللَّهَ كَانَ عَلِيمًا حَكِيمٗا ﴾
[النِّسَاء: 24]

ထို့ပြင် (ကျမ်းတော်မြတ်ကုရ်အာန်ချမှတ်ပေးအပ်ခြင်း မခံရမီကပင်) သင်တို့၏လက်ဝယ်၌ ဩဇာခံအဖြစ် ရှိခဲ့ပြီး ပေါင်းသင်းခဲ့ဖူးခြင်းမှအပ အမျိုးသမီးများအနက်မှ ထိမ်းမြားခြင်းဖြင့် ထိမ်းသိမ်းစောင့်ရှောက်ခံထားရသော (အိမ်ထောင်ကျသည့်) အမျိုးသမီးများအား မထိမ်းမြားရန်လည်း ငါအရှင်မြတ်က သင်တို့အပေါ် (တားမြစ် အမိန့်တော်အဖြစ်) အတည်ပြု ပြဌာန်းတော်မူပြီ။ သင်တို့အပေါ် ထိမ်းမြားခွင့်တားမြစ်ထားသည့် ထို (ဖော်ပြပါ) အမျိုးသမီးများမှလွဲ၍ ကျန်အမျိုးသမီးများအား အပျော်သဘောဖြင့် အမြတ်ထုတ်လိုသော ရည်ရွယ်ချက်မပါဘဲ ဘဝဖော်အဖြစ် ထိမ်းမြားလျက် သင်တို့၏ဥစ္စာဓနနှင့်ပိုင်ဆိုင်မှုများဖြင့် သူမတို့ကို ထိမ်းသိမ်းစောင့်ရှောက်ရန် ဆန္ဒပြုလျှင် သင်တို့အား ငါအရှင်မြတ်က တရားဝင်ခွင့်ပြုတော်မူပြီ။ သို့ဖြစ်၍ ယင်း (အခွင့်အရေး) အား သင်တို့ အကျိုးရှိရှိ အသုံးချနိုင်ရန်အလို့ငှာ သူမတို့အား (သင်တို့၏ဘဝဖော်များ ဖြစ်လာခြင်းကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့်) သူမတို့အတွက်ဆုလဒ်ဖြစ်မည့် မင်္ဂလာလက်ဆောင်များပေးကြရန်လည်း တာဝန်တစ်ရပ်အဖြစ် ပြဌာန်းတော်မူခဲ့ပြီ။ တာဝန်ရှိသည့် မင်္ဂလာလက်ဆောင်ကို ပေးအပ်ခဲ့ပြီးနောက် သူမတို့၏လွတ်လပ်သောစိတ် ဆန္ဒအရ ယင်း (လက်ဆောင်များ) မှ သုံးစွဲခွင့်ပြုလျှင် သင်တို့အပေါ် အပြစ်မထိုက်ပေ။ မုချဧကန်၊ အလ္လာဟ် အရှင်မြတ်သည် လူသားတို့၏စိတ်နှလုံးထဲ၌ သိုဝှက်ထားခဲ့သမျှကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ လူသား တို့၏အရေးကိစ္စများအတွက် အမိန့်စီရင်ချက်များချမှတ်ပေးတော်မူ၍ အမြော်အမြင်နှင့်ပြည့်စုံတော်မူသော အရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: والمحصنات من النساء إلا ما ملكت أيمانكم كتاب الله عليكم وأحل لكم, باللغة البورمية

﴿والمحصنات من النساء إلا ما ملكت أيمانكم كتاب الله عليكم وأحل لكم﴾ [النِّسَاء: 24]

❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek