﴿۞ وَٱعۡبُدُواْ ٱللَّهَ وَلَا تُشۡرِكُواْ بِهِۦ شَيۡـٔٗاۖ وَبِٱلۡوَٰلِدَيۡنِ إِحۡسَٰنٗا وَبِذِي ٱلۡقُرۡبَىٰ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱلۡجَارِ ذِي ٱلۡقُرۡبَىٰ وَٱلۡجَارِ ٱلۡجُنُبِ وَٱلصَّاحِبِ بِٱلۡجَنۢبِ وَٱبۡنِ ٱلسَّبِيلِ وَمَا مَلَكَتۡ أَيۡمَٰنُكُمۡۗ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ مُخۡتَالٗا فَخُورًا ﴾
[النِّسَاء: 36]
(လူ့ဘောင်အတွင်း၌ လူမှုဆက်ဆံရေးပြေလည်စေလိုလျှင်) အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ (ကိုယ်စိတ်နှလုံးအပ်နှံ၍) နာခံကိုးကွယ်ကြလော့။ အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ အခြား မည်သည့် (ပူဇော်ပသ၊ ရှိခိုးကန်တော့၊ ဆည်းကပ်) ကိုးကွယ်ရာကိုမျှ မဖန်တီးကြလေနှင့်။ ထို့ပြင် မိဘများ၊ ဆွေမျိုးအရင်းအချာများ၊ မိဘမဲ့များ၊ ချို့တဲ့ဆင်းရဲသူများ၊ (ယုံကြည်မှု၊ အတူယှဉ်တွဲနေထိုင်မှု၊ စိတ်သဘောထားတူညီမှုစသည်ဖြင့်) နီးစပ် သော အိမ်နီးနားချင်းများ၊ (မြို့နယ်၊ ရပ်ကွက်၊ ရပ်ရွာအနေအထားကြောင့်) ဝေးကွာသော အိမ်နီးနားချင်းများ၊ (လုပ်ငန်းခွင်၊ လမ်းခရီးနှင့်လူမှုရေးအသင်းအဖွဲ့များ၌ အတူလက်တွဲကြသည့်) အပေါင်းအဖော်များ၊ ခရီးသည်များနှင့်သင်တို့၏လက်ဝယ်တွင် လက်အောက်ငယ်သား (အဖြစ်ရှိနေကြသော အစေခံ၊ အလုပ်သမားများနှင့်ဝန်ထမ်း) များအား အဲဟ်စန် (ခေါ် လုပ်ရပ်ဟူသမျှကိုအရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် လူတို့နှင့်ဆက်ဆံရာတွင် အကောင်းဆုံး) ဖြစ်အောင် ပြုမူပြောဆိုဆက်ဆံကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့အနက် လူမှုဆက်ဆံရေးပျက်ပြားစေသည့် အကြောင်းရင်းများကို ဖန်တီးစေသော) စိတ်ကြီးဝင်၊ ဘဝင်မြင့်လျက် ဝံ့ဝါမော်ကြွားသူတို့အား နှစ်သက်တော် မမူချေ။
ترجمة: واعبدوا الله ولا تشركوا به شيئا وبالوالدين إحسانا وبذي القربى واليتامى والمساكين, باللغة البورمية
﴿واعبدوا الله ولا تشركوا به شيئا وبالوالدين إحسانا وبذي القربى واليتامى والمساكين﴾ [النِّسَاء: 36]