Quran with Burmese translation - Surah An-Nisa’ ayat 40 - النِّسَاء - Page - Juz 5
﴿إِنَّ ٱللَّهَ لَا يَظۡلِمُ مِثۡقَالَ ذَرَّةٖۖ وَإِن تَكُ حَسَنَةٗ يُضَٰعِفۡهَا وَيُؤۡتِ مِن لَّدُنۡهُ أَجۡرًا عَظِيمٗا ﴾
[النِّسَاء: 40]
﴿إن الله لا يظلم مثقال ذرة وإن تك حسنة يضاعفها ويؤت من﴾ [النِّسَاء: 40]
Ba Sein ၄ဝ။ မှတ်သားကြလော့။ အလ္လာဟ်အသျှင်မြတ်သည် မြှူမှုန်တစ်မှုန်ခန့်မျှ မတရားပြုတော်မမူပေ။ ကောင်းမှုတစ်ခုရှိလျှင် ထိုကောင်းမှုကို အသျှင်မြတ်သည် နှစ်ဆဖြစ်စေတော်မူမည်။ ထိုကောင်းမှု ပြုသူအား အထံတော်မှ ကြီးမားသော ဆုလာဘ်ပေးသနားတော်မူလတ္တံ့။ |
Ghazi Mohammad Hashim အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အကျိုးပေးတော်မူရာတွင်) မြူမှုန့်ခန့်ပင် မတော်မတရား ပြုတော်မမည်မဟုတ်ပေ။ စင်စစ် အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ ထိုအရှင်မြတ်သည် ယင်းကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွားစေတော်မူအံ့၊ ကုသိုလ်အကျိုး ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိအထံတော်မှ အလွန်ကြီးကျယ်သော အကျိုးဆုလာဘ်ကိုလည်း ခြီးမြှင့်ပေးသနားတော်မူအံ့။ |
Hashim Tin Myint အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မြူမှုန့်မျှပင် မတရားပြုလုပ်တော်မူမည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ ကောင်းမှုတစ်ခုရှိခဲ့လျှင် အရှင်မြတ်သည် ထိုကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွားစေတော်မူမည်၊ ၎င်းပြင် အရှင်မြတ်ထံတော်မှလည်း အလွန်ကြီးကျယ်သော အကျိုးကို ချီးမြှင့်ပေးသနားတော်မူမည်။ |