×

ငါအရှင်မြတ်က (ရှင်ပြန်ထရမည့်နေ့တွင်) လူမျိုးတိုင်းနှင့်လူ့အဖွဲ့အစည်းတိုင်းမှ (သူတို့ကို ကိုယ်စား ပြုခဲ့သော ခေါင်းဆောင်တို့အား) သက်သေအဖြစ် ခေါ်ယူစေတော်မူပြီး အသင် (တမန်တော်) ကိုလည်း 4:41 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:41) ayat 41 in Burmese

4:41 Surah An-Nisa’ ayat 41 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 41 - النِّسَاء - Page - Juz 5

﴿فَكَيۡفَ إِذَا جِئۡنَا مِن كُلِّ أُمَّةِۭ بِشَهِيدٖ وَجِئۡنَا بِكَ عَلَىٰ هَٰٓؤُلَآءِ شَهِيدٗا ﴾
[النِّسَاء: 41]

ငါအရှင်မြတ်က (ရှင်ပြန်ထရမည့်နေ့တွင်) လူမျိုးတိုင်းနှင့်လူ့အဖွဲ့အစည်းတိုင်းမှ (သူတို့ကို ကိုယ်စား ပြုခဲ့သော ခေါင်းဆောင်တို့အား) သက်သေအဖြစ် ခေါ်ယူစေတော်မူပြီး အသင် (တမန်တော်) ကိုလည်း ဤ (ခေတ်သစ်) လူသားတို့အတွက် (သူတို့ထံ ကျမ်းမြတ်ကုရ်အာန်ပါသတင်းကောင်း ရောက်၊ မရောက်ဟူသည်ကို ထောက်ပြရန်) သက်သေတစ်ဦးဖြစ်စေတော်မူစဉ် မည်သို့ ဖြစ်မည်နည်း။ (မည်သူက မည်သို့ ငြင်းဆန်နိုင်မည်နည်း။)

❮ Previous Next ❯

ترجمة: فكيف إذا جئنا من كل أمة بشهيد وجئنا بك على هؤلاء شهيدا, باللغة البورمية

﴿فكيف إذا جئنا من كل أمة بشهيد وجئنا بك على هؤلاء شهيدا﴾ [النِّسَاء: 41]

Ba Sein
၄၁။ သို့သော် ငါအသျှင်မြတ်သည် လူမျိုးတိုင်းမှ သက်သေတော်တစ်ယောက်စီခေါ်ယူသောနေ့တော်ကြီး၌ သူတို့သည် အဘယ်သို့ရှိကြမည်နည်း။ အို-မိုဟမ္မဒ် ငါသည် သင့်အား ဤသူများ၏ဆန့်ကျင်ဘက် သက်သေအဖြစ်ဖြင့် ခေါ်ယူတော်မူမည်။
Ghazi Mohammad Hashim
တစ်ဖန် ငါအရှင်မြတ်သည် (‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) သာသနာဝင်အသီးသီးတို့မှ သက်သေ တစ်ဦးကျစီခေါ်ယူတော်မူအံ့။ ၎င်းပြင် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်) အားလည်း ထိုသူတို့အတွက် သက်သေအဖြစ် ခေါ်ယူတော်မူအံ့။ ထိုအခါ (‘ကာဖိရ်’ သွေဖည်ငြင်းဆန်သောသူတို့၏အဖြစ်သည်) မည်ကဲ့သို့ ဖြစ်ပေမည်နည်း။
Hashim Tin Myint
ထို့‌နောက် ငါအရှင်မြတ်သည် (ကိယာမသ်‌နေ့တွင်) အွမ္မသ်အုပ်စုတိုင်းမှ သက်‌သေတစ်ဦးစီ ‌ခေါ်ယူ‌တော်မူမည်။* ထို့ပြင် ငါအရှင်မြတ်သည် အသင်(တမန်‌တော် မုဟမ္မဒ်-ဆွ)ကိုလည်း ဤ(အသင်၏) အွမ္မသ်အုပ်စုအတွက် သက်‌သေအဖြစ် ‌ခေါ်ယူ‌တော်မူမည်။ ထိုအခါ (ကာဖိရ်များသည်) မည်ကဲ့သို့ ဖြစ်ကြမည်နည်း။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek