Quran with Burmese translation - Surah An-Nisa’ ayat 89 - النِّسَاء - Page - Juz 5
﴿وَدُّواْ لَوۡ تَكۡفُرُونَ كَمَا كَفَرُواْ فَتَكُونُونَ سَوَآءٗۖ فَلَا تَتَّخِذُواْ مِنۡهُمۡ أَوۡلِيَآءَ حَتَّىٰ يُهَاجِرُواْ فِي سَبِيلِ ٱللَّهِۚ فَإِن تَوَلَّوۡاْ فَخُذُوهُمۡ وَٱقۡتُلُوهُمۡ حَيۡثُ وَجَدتُّمُوهُمۡۖ وَلَا تَتَّخِذُواْ مِنۡهُمۡ وَلِيّٗا وَلَا نَصِيرًا ﴾
[النِّسَاء: 89]
﴿ودوا لو تكفرون كما كفروا فتكونون سواء فلا تتخذوا منهم أولياء حتى﴾ [النِّسَاء: 89]
Ba Sein ၈၉။ သူတို့ကဲ့သို့ သင်တို့လည်း မယုံကြည်သည်ကို လိုလားကြ၏။ သို့မှသာလျှင် သင်တို့နှင့် သူတို့သည် တူညီကြလိမ့်မည်။ သူတို့သည် အလ္လာဟ်အသျှင်မြတ်၏ သာသနာရေးအတွက် မိမိတို့နေအိမ်များမှ စွန့်ခွာမသွားကြသမျှကာလပတ်လုံး သင်တို့သည် သူတို့ထဲမှ မိတ်ဆွေခင်ပွန်း မရွေးကောက်ကြလင့်။ အကယ်၍ သူတို့သည် ရန်သူပြန်ဖြစ်လျှင် သူတို့ကိုတွေ့သည့်နေရာမှာ ဖမ်းဆီးသတ်ဖြတ်လော့။ သင်တို့သည် သူတို့အထဲမှ မိတ်ဆွေကိုသော်လည်းကောင်း၊ ကူညီသူကိုသော်လည်းကောင်း မရွေးချယ်ကြလင့်။ |
Ghazi Mohammad Hashim ၎င်း (မုနာဖစ်က် မွတ်စ်လင်မ်အယောင်ဆောင်) တို့သည် မိမိတို့ (ကိုယ်တိုင်) ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြသကဲ့သို့ပင် အသင်တို့လည်း ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများ ဖြစ်ကြရန် တောင့်တကြခဲ့သည်။ သို့မှသာလျှင် အသင်တို့သည်လည်း (၎င်းတို့နှင့်) တန်းတူဖြစ်ကြကုန်အံ့။ သို့ဖြစ်သောကြောင့် ၎င်း (မုနာဖစ်က်) တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (မိမိတို့၏ အိုးအိမ်တို့ကို စွန့်လွှတ်ကာ) ရွှေ့ပြောင်းထွက်ခွာသွားခြင်း မပြုသမျှကာလပတ်လုံး အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်းမပြုကြကုန်လင့်။ တစ်ဖန် အကယ်၍ ယင်းသူတို့သည် (မိမိတို့၏အိုးအိမ်များကို စွန့်လွှတ် ရွှေ့ပြောင်းထွက်ခွာသွားရန် အမိန့်တော်ကို) သွေဖည်လွှဲရှောင်သွားခဲ့ကြပါမူ၊ အသင်တို့သည် ၎င်းတို့အား တွေ့ရှိရာအရပ်၌ ဖမ်းဆီးကြကုန်။ သတ်ဖြတ်ကြကုန်၊ ၎င်းပြင် အသင်တို့သည် ထိုသူတို့အနက် မည်သူတစ်ဦးတယောက်ကိုမျှ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ မိမိတို့အား ကူညီစောင်မမည့်သူဟူ၍လည်းကောင်း (မှတ်ယူခြင်း) မပြုကြကုန်လင့်။ |
Hashim Tin Myint ထို(အယောင်ဆောင်မွတ်စ်လင်မ်)များသည် သူတို့(ကိုယ်တိုင်) ကာဖိရ်ငြင်းပယ်သူများဖြစ်ကြသကဲ့သို့ အသင်တို့အားလည်း ကာဖိရ်ငြင်းပယ်သူများဖြစ်ကြရန် တောင့်တခဲ့ကြသည်။ သို့မှသာ အသင်တို့သည်လည်း သူတို့နှင့်တန်းတူဖြစ်ကြမည်။ သို့ဖြစ်ရာ ထို(အယောင်ဆောင်မွတ်စ်လင်မ်)များသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် ဟိဂျ်ရသ် ရွှေ့ပြောင်းထွက်ခွာသွားခြင်း မပြုသမျှ အသင်တို့သည် သူတို့ထဲမှ(မည်သူ့ကိုမှ) မိတ်ဆွေမပြုလုပ်ကြနှင့်။ ထို့နောက် အကယ်၍ သူတို့သည် (ဟိဂျ်ရသ်အမိန့်တော်ကို) သွေဖည်ရှောင်လွှဲသွားကြလျှင် အသင်တို့သည် သူတို့အား တွေ့ရာအရပ်တွင် ဖမ်းဆီးကြပြီး သတ်ဖြတ်ကြပါ။ ၎င်းပြင် အသင်တို့သည် သူတို့ထဲမှ(မည်သူ့ကိုမှ) မိတ်ဆွေအဖြစ်နှင့်လည်းကောင်း၊ ကူညီသူအဖြစ်နှင့်လည်းကောင်း မပြုလုပ်ကြနှင့်။ |