×

သို့သော် (အထူးသတိထားစေလိုတော်မူသည်မှာ) မှားယွင်းချွတ်ချော်၍ သတ်မိခြင်းမှအပ မည်သည့် ယုံကြည်သူတစ်ဦးအတွက်မျှ အခြားယုံကြည်သူတစ်ဦးကို မည်သည့်အကြောင်းကြောင့်မျှ တိုက်ခိုက်သတ်ဖြတ်ခြင်းခွင့် မရှိပေ။ မည်သူမဆို ယုံကြည်သူတစ်ဦးအား 4:92 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:92) ayat 92 in Burmese

4:92 Surah An-Nisa’ ayat 92 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 92 - النِّسَاء - Page - Juz 5

﴿وَمَا كَانَ لِمُؤۡمِنٍ أَن يَقۡتُلَ مُؤۡمِنًا إِلَّا خَطَـٔٗاۚ وَمَن قَتَلَ مُؤۡمِنًا خَطَـٔٗا فَتَحۡرِيرُ رَقَبَةٖ مُّؤۡمِنَةٖ وَدِيَةٞ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦٓ إِلَّآ أَن يَصَّدَّقُواْۚ فَإِن كَانَ مِن قَوۡمٍ عَدُوّٖ لَّكُمۡ وَهُوَ مُؤۡمِنٞ فَتَحۡرِيرُ رَقَبَةٖ مُّؤۡمِنَةٖۖ وَإِن كَانَ مِن قَوۡمِۭ بَيۡنَكُمۡ وَبَيۡنَهُم مِّيثَٰقٞ فَدِيَةٞ مُّسَلَّمَةٌ إِلَىٰٓ أَهۡلِهِۦ وَتَحۡرِيرُ رَقَبَةٖ مُّؤۡمِنَةٖۖ فَمَن لَّمۡ يَجِدۡ فَصِيَامُ شَهۡرَيۡنِ مُتَتَابِعَيۡنِ تَوۡبَةٗ مِّنَ ٱللَّهِۗ وَكَانَ ٱللَّهُ عَلِيمًا حَكِيمٗا ﴾
[النِّسَاء: 92]

သို့သော် (အထူးသတိထားစေလိုတော်မူသည်မှာ) မှားယွင်းချွတ်ချော်၍ သတ်မိခြင်းမှအပ မည်သည့် ယုံကြည်သူတစ်ဦးအတွက်မျှ အခြားယုံကြည်သူတစ်ဦးကို မည်သည့်အကြောင်းကြောင့်မျှ တိုက်ခိုက်သတ်ဖြတ်ခြင်းခွင့် မရှိပေ။ မည်သူမဆို ယုံကြည်သူတစ်ဦးအား မှားယွင်းစွာဖြင့် တိုက်ခိုက်သတ်မိခဲ့လျှင် သူ့၌တာဝန်ရှိ သည်မှာ ဘဝချုပ်နှောင်ထားခံရသော ယုံကြည်သူတစ်ဦးကို ဘဝလွတ်မြှောက်စေပြီး ထို (အသတ်ခံရသော) သူ့မိသားစုအရင်းအချာတို့ထံသို့ (သူတို့၏လွတ်လပ်သောဆန္ဒဖြင့်) ကင်းလွှတ်ခွင့်ပေးခြင်းမှအပ ငြိမ်းချမ်းရေး လိုလားသော မွတ်စလင်တစ်ဦးပီပီ အပြစ်ဖြေ လျှော်ကြေးပေးဆောင်ရန်ပင် ဖြစ်၏။ သို့ရာတွင် အကယ်၍ ထိုအသတ်ခံရသူက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမထားသော ဆန့်ကျင်ဘက်ရန်သူလူမျိုးအနက်မှ ယုံကြည်သူ တစ်ဦးဖြစ်ခဲ့လျှင် ဘဝချုပ်နှောင်ထားခံရသော ယုံကြည်သူတစ်ဦးကို ကျွန်ဘဝမှ လွတ်မြှောက်စေရန်သာ တာဝန်ရှိ၏။ တစ်ဖန် အကယ်၍ အသတ်ခံရသူမှာ သင်တို့အချင်း ချင်းနှင့်သူတို့အချင်းချင်းကြား ငြိမ်းချမ်းရေး ပဋိညာဉ်ချုပ်ဆိုထားသည့် လူမျိုးအနက်မှ ဖြစ်ခဲ့လျှင် ထို (အသတ်ခံရသော) သူ၏မိသားစုအရင်းအချာတို့ထံသို့ (သူတို့၏လွတ်လပ်သောဆန္ဒဖြင့်) ကင်းလွှတ်ခွင့် ပေးခြင်းမှအပ အပြစ်ဖြေ လျှော်ကြေးပေးဆောင်သည့်အပြင် ကျွန်ဘဝ၌ချုပ်နှောင်ထားခံရသော ယုံကြည်သူ တစ်ဦးကိုလည်း ဘဝလွတ်မြှောက်စေခြင်းဖြင့် ငြိမ်းချမ်းရေး လိုလားသော မွတ်စလင်တစ်ဦးပီပီ တာဝန်ကျေပွန် ရမည်။ သို့သော် မည်သူမဆို အကယ်၍ ယုံကြည်သူ တစ်ဦးအား ဘဝလွတ်မြှောက်စေရန် ရှာမတွေ့ (သို့မဟုတ် မတတ်စွမ်း) ပါက (သူ့အပေါ်၌) နောင်တဖြင့် အရှင့်ဘက်ပြန်လှည့်စေမည့် အလ္လာဟ်အရှင်မြတ်ထံတော်မှ အပြစ်ဖြေ ဒဏ်ကြေးအဖြစ် နှစ်လတိတိ အဆက်မပြတ် တဆက်တည်း ဥပုသ်သီလ ဆောက်တည်ရန် တာဝန်ရှိ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် (လူသားတို့၏လူမှုဆက်ဆံရေးဆိုင်ရာ တင်းမာမှု အလုံးစုံကို) အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ လူမှုရေးပြ ဿနာအားလုံး၏အခြေခံအကြောင်းရင်းဆိုင်ရာ အမိန့်ပညတ်ချက်များချမှတ်ပေးအပ်ရာတွင် ကျိုးကြောင်း ဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: وما كان لمؤمن أن يقتل مؤمنا إلا خطأ ومن قتل مؤمنا خطأ, باللغة البورمية

﴿وما كان لمؤمن أن يقتل مؤمنا إلا خطأ ومن قتل مؤمنا خطأ﴾ [النِّسَاء: 92]

❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek