×

သို့ရာတွင်မည်သူမဆို ယုံကြည်သူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ ကြံစည်တိုက်ခိုက်သတ်ခဲ့ပါမူ သူ့အပြစ်၏ဒဏ်ကြေးအကျိုးဆက်မှာ ငရဲမီးပင် ဖြစ်ပြီး ယင်းငရဲမီးထဲ၌ ကာလအကန့် အသတ်မဲ့ နေရလျက် 4:93 Burmese translation

Quran infoBurmeseSurah An-Nisa’ ⮕ (4:93) ayat 93 in Burmese

4:93 Surah An-Nisa’ ayat 93 in Burmese (البورمية)

Quran with Burmese translation - Surah An-Nisa’ ayat 93 - النِّسَاء - Page - Juz 5

﴿وَمَن يَقۡتُلۡ مُؤۡمِنٗا مُّتَعَمِّدٗا فَجَزَآؤُهُۥ جَهَنَّمُ خَٰلِدٗا فِيهَا وَغَضِبَ ٱللَّهُ عَلَيۡهِ وَلَعَنَهُۥ وَأَعَدَّ لَهُۥ عَذَابًا عَظِيمٗا ﴾
[النِّسَاء: 93]

သို့ရာတွင်မည်သူမဆို ယုံကြည်သူတစ်ဦးတစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ တမင်တကာ ကြံစည်တိုက်ခိုက်သတ်ခဲ့ပါမူ သူ့အပြစ်၏ဒဏ်ကြေးအကျိုးဆက်မှာ ငရဲမီးပင် ဖြစ်ပြီး ယင်းငရဲမီးထဲ၌ ကာလအကန့် အသတ်မဲ့ နေရလျက် သူ့အပေါ် အလ္လာဟ်အရှင်မြတ်၏အမျက်တော်ဖြစ်သော ပြစ်တင်ရှုတ်ချမှုနှင့်အရှင့်ကရုဏာတော်မှ ကင်းဝေးစေခြင်းတို့ သက်တော်မူရုံမက ကြီးလေးသော ပြစ်ဒဏ်ပေးခံရစေရန်လည်း အသင့်ပြင်ဆင် ထားတော်မူ၏။

❮ Previous Next ❯

ترجمة: ومن يقتل مؤمنا متعمدا فجزاؤه جهنم خالدا فيها وغضب الله عليه ولعنه, باللغة البورمية

﴿ومن يقتل مؤمنا متعمدا فجزاؤه جهنم خالدا فيها وغضب الله عليه ولعنه﴾ [النِّسَاء: 93]

Ba Sein
၉၃။ အကြင်သူသည် ယုံကြည်သူတစ်ဦးကို သေစေလိုသောစိတ်ဖြင့် သတ်အံ့။ ထိုသူ၏ဆုလာဘ်မှာ ငရဲ၌ အစဉ်အမြဲ ခံစားရခြင်းဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် သူ့ကို အမျက်ရှတော်ူ၏။ ကျိန်ဆဲတော်မူ၏။ အလွန်ကြောက်မက်ဖွယ်ကောင်းေသောအပြစ်ဒဏ်ကို စီရင်ထားတော်မူ၏။
Ghazi Mohammad Hashim
သို့ရာတွင် အကြင်သူသည် မွတ်စ်လင်မ်စ်တစ်ဦးတစ်ယောက်ကို တမင်သက်သက် ကြံစည်သတ်ဖြတ်ခဲ့ပါမူ ထိုသူ၏အပြစ်သည် ‘ဂျဟန္နမ်’ ငရဲဘုံပင်ဖြစ်သည်။ (ထိုသူသည်) ယင်း‘ဂျဟန္နမ်’ ငရဲဘုံ၌ အစဉ်အမြဲလားရမည်။ ထိုမှတစ်ပါးတုံ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏အပေါ်၌ အမျက်တော်ထားတော်မူအံ့။ ထိုသူအား ကရုဏာတော်မှလည်း ကင်းဝေးစေတော်မူအံ့။ ထိုသူ၏အဖို့ ကြီးလေးသောပြစ်ဒဏ် တော်ကိုလည်း အဆင်သင့်ပြုထားတော်မူလတ္တံ့။
Hashim Tin Myint
ထို့ပြင် အကြင်သူသည် မုအ်မင်န်တစ်ဦးအား အ‌ကြောင်းမဲ့တမင်သတ်ခဲ့လျှင် ထိုသူ၏အပြစ်သည် (အမှန်ဆိုလျှင်)ဂျဟန္နမ်ငရဲဘုံပင်ဖြစ်သည်။ ထိုငရဲဘုံတွင် အမြဲ‌နေရမည်ဖြစ်သည်။ (သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏‌ကျေးဇူး‌တော်ဖြင့် အမြဲမ‌နေရ‌တော့ဘဲ အီမာန်၏ဗရကသ်ဖြင့် ‌နောက်ဆုံးတွင် လွတ်‌မြောက်သွားမည်ဖြစ်သည်)။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏အ‌ပေါ်တွင် (ကာလတစ်ခုအထိ)အမျက်ထား‌တော်မူမည်။* ၎င်းပြင် ထိုသူ့အား ကရုဏာ‌တော်မှ ကင်း‌ဝေး‌စေ‌တော်မူမည်။ ထိုသူ့အတွက် ကြီး‌လေး‌သောအပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်ထား‌တော်မူမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek