Quran with Burmese translation - Surah An-Nisa’ ayat 95 - النِّسَاء - Page - Juz 5
﴿لَّا يَسۡتَوِي ٱلۡقَٰعِدُونَ مِنَ ٱلۡمُؤۡمِنِينَ غَيۡرُ أُوْلِي ٱلضَّرَرِ وَٱلۡمُجَٰهِدُونَ فِي سَبِيلِ ٱللَّهِ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡۚ فَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ بِأَمۡوَٰلِهِمۡ وَأَنفُسِهِمۡ عَلَى ٱلۡقَٰعِدِينَ دَرَجَةٗۚ وَكُلّٗا وَعَدَ ٱللَّهُ ٱلۡحُسۡنَىٰۚ وَفَضَّلَ ٱللَّهُ ٱلۡمُجَٰهِدِينَ عَلَى ٱلۡقَٰعِدِينَ أَجۡرًا عَظِيمٗا ﴾
[النِّسَاء: 95]
﴿لا يستوي القاعدون من المؤمنين غير أولي الضرر والمجاهدون في سبيل الله﴾ [النِّسَاء: 95]
Ba Sein ၉၅။ အကြင်ယုံကြည်သူတို့သည် ကိုယ်လက်မသန်စွမ်းသည့် ဒုက္ခိတမဟုတ်ဘဲ မလှုပ်မရှား နေထိုင် ကြ၏။ ထိုသူတို့သည် အလ္လာဟ်အသျှင်မြတ်၏လမ်းတော်ကြီးဝယ် မိမိတို့ဥစ္စာပစ္စည်းနှင့် အသက်များ အားဖြင့် ကြိုးပမ်းအားထုတ်သူတို့နှင့် ထပ်တူညီမျှမဖြစ်ကြပေ။ အလ္လာဟ်အသျှင်မြတ်သည် မိမိတို့ အသက်စည်းစိမ်ဥစ္စာအားဖြင့် ကြိုးစားသူတို့အား ငြိမ်ဆိမ်စွာ ထိုင်နေတတ်သူများထက် အဆင့်အတန်း တစ်ဆင့်တိုးပေးတော်မူ၏။ ယုံကြည်သူတိုင်းကို ကောင်းကြီးမင်္ဂလာပေးတော်မူမည် ဟု ဗျာဒိတ်ချမှတ်တော်မူ၏။ သို့သော် ကြိုးပမ်းသူတို့အား မလှုပ်မရှား အငြိမ်းထိုင်နေတတ်သူများ ထက် ဆုလာဘ်ပိုမိုပေးတော်မူ၏။ |
Ghazi Mohammad Hashim ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့အနက်မှ (ချည့်နဲ့ကျိုးကန်း မစွမ်းမသန်သော) ဒုက္ခိတများမဟုတ်ဘဲ (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေသောသူတို့နှင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့သည် တူညီကြသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် မိမိတို့၏ အသက်စည်းစိမ်တို့ဖြင့် စစ်မက်ပြိုင်ဆိုင်တိုက်ကြကုန်သောသူတို့အား (မိမိတို့အိမ်တွင်းဝယ်) ထိုင်၍နေကြကုန်သောသူတို့ထက် ဂုဏ်ရည် အဆင့်အတန်းအားဖြင့် မြင့်မြတ်စေတော်မူခဲ့လေသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ထိုင်၍နေသူများနှင့် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူများ) အားလုံးတို့ကို ကောင်းကျိုးပေးသနားတော်မူမည်ဟု ပဋိညာဉ် ထားရှိတော်မူပြီးဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သောသူတို့အား (မိမိတို့အိမ်တွင်း၌ အငြိမ်း) ထိုင်၍နေသောသူတို့ထက် ကြီးကျယ်သော အကျိုးကျေးဇူး (ချီးမြှင့်တော်မူခြင်း) အားဖြင့် မြင့်မြတ်စေတော်မူခဲ့လေပြီ။ |
Hashim Tin Myint အီမာန်ယုံကြည်သူများထဲမှ ချို့ယွင်းချို့တဲ့သူများ*မဟုတ်ဘဲ (အိမ်၌)ထိုင်နေကြသောသူများနှင့် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် သူတို့၏အသက်စည်းစိမ်များနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြသောသူများသည် မတူညီကြပေ။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏အသက်စည်းစိမ်များနှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြသူများအား (အိမ်၌)ထိုင်နေကြသောသူများထက် အဆင့်အတန်း မြင့်မြတ်စေတော်မူခဲ့သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (ထိုင်နေသူများနှင့် စစ်တိုက်သူများ)အားလုံးကို ကောင်းကျိုးပေးသနားတော်မူမည်ဟု ကတိပြုထားပြီးဖြစ်သည်။* ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သူများအား (အိမ်၌)ထိုင်နေကြသောသူများထက် ကြီးကျယ်သော အကျိုးကျေးဇူး(ချီးမြှင့်မှု)ဖြင့် မြင့်မြတ်စေတော်မူခဲ့သည်။ |