Quran with Burmese translation - Surah An-Nisa’ ayat 96 - النِّسَاء - Page - Juz 5
﴿دَرَجَٰتٖ مِّنۡهُ وَمَغۡفِرَةٗ وَرَحۡمَةٗۚ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمًا ﴾
[النِّسَاء: 96]
﴿درجات منه ومغفرة ورحمة وكان الله غفورا رحيما﴾ [النِّسَاء: 96]
Ba Sein ၉၆။ ထိုဆုတော်ကြီးသည် အဆင့်အတန်းပေးတော်မူခြင်း၊ အပြစ်လွှတ်တော်မူခြင်း၊ ကောင်းကြီးင်္ဂလာ ပေးတော်မူခြင်းတို့ဖြစ်၏။ အလ္လာဟ်အသျှင်မြတ်သည် အမြဲ အပြစ်လွှတ်တော်မူသောအသျှင်၊ ကောင်းကြီးမင်္ဂလာပေးသနားတော်မူသောအသျှင်တည်း။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်အထံတော်မှ ဂုဏ်ရည်အဆင့်အတန်း အမျိုးမျိုးတို့ကို ချီးမြှင့် ပေးသနားတော်မူခြင်းအားဖြင့်လည်းကောင်း၊ အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူခြင်းအားဖြင့်လည်းကောင်း၊ ကရုဏာ ပြုတော်မူခြင်းအားဖြင့်လည်းကောင်း (ထိုသူတို့အား မြင့်မြတ်စေတော်မူခဲ့လေပြီ။) အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်အမြဲ သနားကြင်နာညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint ထို(အလ္လာဟ်)အရှင်မြတ်ထံတော်မှ အဆင့်အတန်းများ(ကို ချီးမြှင့်မှုနှင့်) အပြစ်များမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူခြင်းအပြင် သနားကရုဏာပြုမူခြင်းတို့နှင့် (သူတို့ကို မြင့်မြတ်စေတော်မူခဲ့သည်)။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အလွန်သနားကြင်နာတော်မူသောအရှင်ဖြစ်တော်မူသည်။ |