×

သူတို့က သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့သည် အင်အားနှင့်ဩဇာအာဏာအားဖြင့်လည်းကောင်း၊ ကမ္ဘာဂြိုလ်၌ထားခဲ့ကြသော လက်ရာအမွေအနှစ်များအရလည်းကောင်း၊ သူတို့ထက် ပိုမို၍ သာလွန်ခဲ့သော်ငြားလည်း (အရှင့်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြရာ) 40:21 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:21) ayat 21 in Burmese

40:21 Surah Ghafir ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 21 - غَافِر - Page - Juz 24

﴿۞ أَوَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ كَانُواْ مِن قَبۡلِهِمۡۚ كَانُواْ هُمۡ أَشَدَّ مِنۡهُمۡ قُوَّةٗ وَءَاثَارٗا فِي ٱلۡأَرۡضِ فَأَخَذَهُمُ ٱللَّهُ بِذُنُوبِهِمۡ وَمَا كَانَ لَهُم مِّنَ ٱللَّهِ مِن وَاقٖ ﴾
[غَافِر: 21]

သူတို့က သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့သည် အင်အားနှင့်ဩဇာအာဏာအားဖြင့်လည်းကောင်း၊ ကမ္ဘာဂြိုလ်၌ထားခဲ့ကြသော လက်ရာအမွေအနှစ်များအရလည်းကောင်း၊ သူတို့ထက် ပိုမို၍ သာလွန်ခဲ့သော်ငြားလည်း (အရှင့်သက်သေလက္ခဏာတော်များကို ခေါင်းမာမာဖြင့် မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြရာ) အလ္လာဟ်အရှင်မြတ်သည် သူတို့၏ပြစ်မှုဒုစရိုက်များကြောင့် သူတို့အား အရေးယူတော်မူခဲ့ပြီး သူတို့အတွက် အလ္လာအရှင်မြတ်နှင့်ဆန့်ကျင်၍ အကာအကွယ်ပေးမည်သူဟူ၍ မည်သူတစ်ဦး တစ်ယောက်မျှ မရှိခဲ့ကြောင်း သူတို့၏နောက်ဆုံးအကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့ ကြောင်းကို တွေ့မြင်လေ့လာ၍ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်လျက် ခရီးသွားခြင်း မပြုကြသလော။

❮ Previous Next ❯

ترجمة: أو لم يسيروا في الأرض فينظروا كيف كان عاقبة الذين كانوا من, باللغة البورمية

﴿أو لم يسيروا في الأرض فينظروا كيف كان عاقبة الذين كانوا من﴾ [غَافِر: 21]

Ba Sein
၂၁။ သူတို့သည် အမြို့မြို့အရွာရွာသို့ လှည့်ပတ်၍ ၎င်းတို့ထက်ရှေးကျသောအယူမှားကြသလော၊ ရှေးလူဟောင်း များသည် ခွန်အားဗလတွင်သော်လည်းကောင်း၊ သူတို့ထားခဲ့သောလက်ရာခြေရာများတွင်သော်လည်းကောင်း၊ ယခုလူတို့ထက် သာလွန်၏၊ သို့ပါလျက်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မိမိတို့အပြစ်များကြောင့် ဖမ်းဆီး ကွပ်မျက်စီရင်တော်မူလိုက်လေ၏၊ သူတို့ကို အရှင်မြတ်၏ အပြစ်ဒဏ်တော်မှ ကာကွယ်မည့်သူတစ်စုံတစ်ယောက် မျှမရှိချေ။
Ghazi Mohammad Hashim
ထိုသူတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့ပြုခဲ့ကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဘူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို မြင်ကြရပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် သူရသတ္တိ၊ ခွန်အားဗလအားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ် ချန်ရစ်ခဲ့ကြသော ခြေရာလက်ရာအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြပေသည်။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ ပြစ်မှုဒုစရိုက်တို့ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ လွတ်မြောက်စေမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေ။
Hashim Tin Myint
သူတို့သည် ကမာ္ဘ‌ပေါ်တွင် လှည့်လည်သွားလာခြင်း မပြုခဲ့ကြသ‌လော၊ ထိုသို့ပြုခဲ့ကြလျှင် သူတို့သည် သူတို့မတိုင်မီကသူများ၏ ‌နောက်ဆုံးအကျိုးဆက်သည် မည်သို့ရှိခဲ့သည်ကို မြင်ကြရမည်ဖြစ်သည်။ ၎င်းယခင်က သူများသည် သူတို့ထက်ပင် အင်းအားကြီးသည်သာမက ကမာ္ဘ‌မြေ‌ပေါ်တွင် သူတို့ချန်ထားခဲ့‌သော ‌ခြေရာလက်ရာများသည် ပို၍ ထူးကဲခဲ့ကြသည်။ ထို့‌နောက်လည်း အလ္လာဟ်အရှင်မြတ်သည် သူတို့အား သူတို့၏မ‌ကောင်းမှုပြစ်မှုများ‌ကြောင့် ဖမ်းဆီးကွပ်မျက်‌တော်မူခဲ့သည်။ သူတို့တွင် အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ ကယ်တင်မည့်သူလည်း မည်သူမျှ မရှိခဲ့‌ပေ။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek