×

ဧကန်ပင်၊ ငါအရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များနှင့်သက်ဝင် ယုံကြည်သူများအား လောကီဘဝ သက်တမ်း၌ မုချပင် ကူညီစောင်မတော်မူပြီး နောင်တမလွန်ဘဝတွင်လည်း (လောကီဘဝ၌ လူတို့က ရစူလ်တမန်တော်များအား 40:51 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:51) ayat 51 in Burmese

40:51 Surah Ghafir ayat 51 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 51 - غَافِر - Page - Juz 24

﴿إِنَّا لَنَنصُرُ رُسُلَنَا وَٱلَّذِينَ ءَامَنُواْ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَيَوۡمَ يَقُومُ ٱلۡأَشۡهَٰدُ ﴾
[غَافِر: 51]

ဧကန်ပင်၊ ငါအရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်များနှင့်သက်ဝင် ယုံကြည်သူများအား လောကီဘဝ သက်တမ်း၌ မုချပင် ကူညီစောင်မတော်မူပြီး နောင်တမလွန်ဘဝတွင်လည်း (လောကီဘဝ၌ လူတို့က ရစူလ်တမန်တော်များအား မည်သို့ပြုမူဆက်ဆံခဲ့ကြသည်ကို အတည်ပြု ထောက်ပြမည့်) မျက်မြင်သက်သေများအဖြစ် ရပ်တည်စေတော်မူမည်။

❮ Previous Next ❯

ترجمة: إنا لننصر رسلنا والذين آمنوا في الحياة الدنيا ويوم يقوم الأشهاد, باللغة البورمية

﴿إنا لننصر رسلنا والذين آمنوا في الحياة الدنيا ويوم يقوم الأشهاد﴾ [غَافِر: 51]

Ba Sein
၅၁။ ငါအရှင်မြတ်သည် ငါ၏ တမန်တော်များနှင့် ယုံကြည်သူအပေါင်းတို့အား ဤလောကတွင် အသက်ရှင်နေစဉ် အခါ၌လည်းကောင်း၊ သက်သေများကို စီတန်းစေမည့်တရားစီရင်တော်မူသောနေ့တော်ကြီး၌လည်းကောင်း၊ မုချဧကန်စောင်မတော်မူ၏။
Ghazi Mohammad Hashim
မလွဲဧကန် ငါအရှင်မြတ်သည် မိမိရစူလ်တမန်တော်တို့အား လည်းကောင်း၊ "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ ၎င်းမျက်မှောက်လောကီဘဝ၌လည်း ကူညီစောင်မလျက်ရှိတော်မူ၏။ သက်သေများရပ်ကြမည့်("ကိယာမတ်"ရှင်ပြန်ထမည့်) နေ့တွင်လည်း (ကူညီစောင်မတော်မူမည်။)
Hashim Tin Myint
အမှန်စင်စစ် ငါအရှင်မြတ်သည် ငါအရှင်မြတ်၏တမန်‌တော်များနှင့်၊ အီမာန်ယုံကြည်သူများအား ဤဘဝနှင့် သက်‌သေများရပ်ကြမည့် (ကိယာမသ်)‌နေ့တွင် ကူညီ‌စောင်မ‌တော်မူမည်ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek