Quran with Burmese translation - Surah Ghafir ayat 55 - غَافِر - Page - Juz 24
﴿فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقّٞ وَٱسۡتَغۡفِرۡ لِذَنۢبِكَ وَسَبِّحۡ بِحَمۡدِ رَبِّكَ بِٱلۡعَشِيِّ وَٱلۡإِبۡكَٰرِ ﴾
[غَافِر: 55]
﴿فاصبر إن وعد الله حق واستغفر لذنبك وسبح بحمد ربك بالعشي والإبكار﴾ [غَافِر: 55]
Ba Sein ၅၅။ ထို့ကြောင့်သင်သည် သည်းခံခြင်းတရား၌ ခိုင်မြဲလော့၊ အလ္လာဟ်အရှင်မြတ်၏ ကတိသစ္စာတော်သည် မှန်ကန်၏၊ သင်၏ အပြစ်ကို ခွင့်လွှတ်တော်မူရန် ဆုတောင်းလော့၊ သင်၏ အသက်သခင်ကျေးဇူးရှင်ကြီး၏ ဂုဏ်ကျေးဇူး တော်ကို နံနက်တိုင်းညတိုင်း ချီးကျုးလော့။ |
Ghazi Mohammad Hashim သို့ဖြစ်ရပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ၊ မလွဲဧကန် အလ္လာဟ်အရှင်မြတ်၏ ကတိပြုချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ၎င်းပြင် အသင်သည် မိမိ၏ချို့တဲ့မှုနှင့်စပ်လျဉ်း၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ချီးမွမ်းထောပနာပြုခြင်းနှင့်တကွ(ထိုအရှင်မြတ်)စင်ကြယ်သန့်ရှင်းတော်မူကြောင်းကို ညနေချမ်း၌လည်းကောင်း၊ နံနက်ယံ၌လည်းကောင်း၊ မြွက်ဆိုပါလေ။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်(တမန်တော်)သည် သည်းခံလိုက်ပါ၊ စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် အမှန်ပင်ဖြစ်သည်။ ထို့ပြင် အသင်သည် အသင်၏ချို့တဲ့မှုနှင့်ပတ်သက်၍ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြား၍ အသင်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ချီးမွမ်းမှုနှင့်တကွ (အရှင်မြတ်)စင်ကြယ်တော်မူကြောင်းကို ညနေနှင့်နံနက်တွင် ရွတ်ဆိုပါ။ |