Quran with Burmese translation - Surah Ghafir ayat 56 - غَافِر - Page - Juz 24
﴿إِنَّ ٱلَّذِينَ يُجَٰدِلُونَ فِيٓ ءَايَٰتِ ٱللَّهِ بِغَيۡرِ سُلۡطَٰنٍ أَتَىٰهُمۡ إِن فِي صُدُورِهِمۡ إِلَّا كِبۡرٞ مَّا هُم بِبَٰلِغِيهِۚ فَٱسۡتَعِذۡ بِٱللَّهِۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡبَصِيرُ ﴾
[غَافِر: 56]
﴿إن الذين يجادلون في آيات الله بغير سلطان أتاهم إن في صدورهم﴾ [غَافِر: 56]
Ba Sein ၅၆။ အကြင်သူတို့သည် မိမိတို့ထံခိုင်မာလုံလောက်သောအကြောင်းအရာတစ်စုံတစ်ခုမျှ မရောက်လာပဲလျက် အလ္လာဟ် အရှင်မြတ်၏ တရားတော်နှင့်စပ်လျဉ်း၍ အငြင်းအခုံပြုကြအ့ံ၊ ထိုသူတို့စိတ်နှလုံးတွင် မာနထောင်လွှားမှုမှတပါး မည်သည်မျှမရှိချေ၊ သူတို့သည် မိမိတို့လိုရာသို့ မရောက်နိုင်ချေ၊ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်၌ ခိုလှုံလော့၊ အရှင်မြတ်သာလျှင် ခပ်သိမ်းသောအရာတို့ကို အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ် တော်မူ၏။ |
Ghazi Mohammad Hashim ဧကန်စင်စစ် မိမိတို့ထံ မည်သည့်သက်သေအထောက်အထား တစ်စုံတစ်ရာမျှ ရောက်လာခဲ့သည် မရှိဘဲလျက်ပင် အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များ၌ အငြင်းပွားလျက် ရှိကြကုန်သောသူတို့၏ စိတ်နှလုံးများတွင် မာန်မာနကြီးခြင်းမှတစ်ပါး၊ အခြားတစ်စုံတစ်ရာမျှမရှိပေ။ (စင်စစ်သော်ကား) ၎င်းတို့သည် ယင်းမာန်မာနကြီးနိုင်သော အဆင့်အတန်းသို့ ရောက်ရှိနိုင်ကြမည့်သူများ မဟုတ်ပြီ။ သို့ဖြစ်ပေရာ(အို-နဗီတမန်တော်) အသင်သည် အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်ပေးမှုကို တောင်းခံပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။ |
Hashim Tin Myint အမှန်စင်စစ် သူတို့ထံသို့ မည်သည့်သက်သေသာဓကမျှ ရောက်မလာဘဲနှင့် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို အငြင်းပွားနေကြသည့်သူများ၏စိတ်နှလုံးများထဲတွင် မာနကြီးခြင်းမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိပေ။ သူတို့သည် မာနကြီးရမည့်အဆင့် မဟုတ်ပေ။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံလိုက်ပါ။ အမှန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်၊ အကြွင်းမဲ့မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ |