Quran with Burmese translation - Surah Ghafir ayat 61 - غَافِر - Page - Juz 24
﴿ٱللَّهُ ٱلَّذِي جَعَلَ لَكُمُ ٱلَّيۡلَ لِتَسۡكُنُواْ فِيهِ وَٱلنَّهَارَ مُبۡصِرًاۚ إِنَّ ٱللَّهَ لَذُو فَضۡلٍ عَلَى ٱلنَّاسِ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يَشۡكُرُونَ ﴾
[غَافِر: 61]
﴿الله الذي جعل لكم الليل لتسكنوا فيه والنهار مبصرا إن الله لذو﴾ [غَافِر: 61]
Ba Sein ၆၁။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အိပ်စက်အမောဖြေဖို့ရာ ညဉ့်ကို ဖန်ဆင်းတော်မူ၏၊ နေ့ကိုမူကား တောင် မြောက်လေးပါးကို မြင်နိုင်ရန်အလို့ငှာ ဖန်ဆင်းထားတော်မူ၏၊ စင်စစ်အားဖြင့် အရှင်မြတ်သည် လူသားတို့ အဖို့ ရက်ရောစွာပေးကမ်းတော်မူသောအရှင်သခင်ဖြစ်တော်မူ၏၊ သို့ပါလျက် များလှစွာသောသူတို့သည် အရှင် မြတ်အား ကျေးဇူးမတင် ကျေးစွပ်ကြကုန်၏။ |
Ghazi Mohammad Hashim အလ္လာဟ်အရှင်မြတ်သည်ပင် အကြင်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ညဉ့်ကို ထိုညဉ့်၌အနားယူကြအံ့သောငှာ ပြုလုပ်တော်မူခဲ့သည့်ပြင်၊ နေ့ကို မြင်နိုင်စွမ်းပေးသောအရာအဖြစ် ပြုလုပ်ထားတော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် လူတို့အပေါ်ဝယ် အမှန်ပင် ကျေးဇူးတော်ရှင်ဖြစ်တော်မူ၏။ သို့တစေလည်း မြောက်မြားစွာသောသူတို့မှာ ကျေးဇူးတော်ကို သိတတ်ကြသည် မဟုတ်ပေ။ |
Hashim Tin Myint အလ္လာဟ်အရှင်မြတ်သည် အသင်တို့အတွက် ညကို ထိုညတွင် အနားယူရန်အတွက် ပြုလုပ်ပေးတော်မူခဲ့သည့်အပြင်၊ နေ့ကို မြင်နိုင်စွမ်းပေးသည့်အရာအဖြစ် ပြုလုပ်ထားတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူများအပေါ်တွင် အမှန်ပင် ကျေးဇူးရှင်ဖြစ်တော်မူသည်။ သို့ရာတွင်လည်း လူအများစုသည် ကျေးဇူးမသိတတ်ကြပေ။ |