Quran with Burmese translation - Surah Ghafir ayat 62 - غَافِر - Page - Juz 24
﴿ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ خَٰلِقُ كُلِّ شَيۡءٖ لَّآ إِلَٰهَ إِلَّا هُوَۖ فَأَنَّىٰ تُؤۡفَكُونَ ﴾
[غَافِر: 62]
﴿ذلكم الله ربكم خالق كل شيء لا إله إلا هو فأنى تؤفكون﴾ [غَافِر: 62]
Ba Sein ၆၂။ သင်တို့၏ အသင်သခင်ကျေးဇူးရှင်၊ ခပ်သိမ်းကုန်သောဝထ္ထုအစုစုကို ဖန်ဆင်းတော်မူသောအရှင်၊ အလ္လာဟ် အရှင်မြတ်သည် ယင်းကဲ့သို့ဖြစ်တော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ သို့ပါလျက် သင်တို့သည် အဘယ်ကြောင့်လမ်းလွဲကြသနည်း။ |
Ghazi Mohammad Hashim ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်းမရှိချေ။ သို့ဖြစ်ပေရာ အသင်တို့သည် အဘယ်သို့ ပြန်လှည့်ခြင်းခံကြရသနည်း။ |
Hashim Tin Myint ထိုအရှင်မြတ်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ အရာအားလုံးကို ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်ဖြစ်တော်မူသည်။ ထိုအရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိပေ။ ထို့နောက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်ခြင်းခံကြရသနည်း။ |