×

အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အတွက် မြေကမ္ဘာကို အခြေချ၍ မှီတင်းနေထိုင်စရာ အဖြစ်လည်း ကောင်း၊ မိုးကောင်းကင်ကို အမိုးအကာအဖြစ်လည်းကောင်း၊ စီမံဖြစ်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့ပြင်ထိုအရှင်မြတ်သည် 40:64 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:64) ayat 64 in Burmese

40:64 Surah Ghafir ayat 64 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 64 - غَافِر - Page - Juz 24

﴿ٱللَّهُ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ قَرَارٗا وَٱلسَّمَآءَ بِنَآءٗ وَصَوَّرَكُمۡ فَأَحۡسَنَ صُوَرَكُمۡ وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡۖ فَتَبَارَكَ ٱللَّهُ رَبُّ ٱلۡعَٰلَمِينَ ﴾
[غَافِر: 64]

အလ္လာဟ်အရှင်မြတ်သည်ပင် သင်တို့အတွက် မြေကမ္ဘာကို အခြေချ၍ မှီတင်းနေထိုင်စရာ အဖြစ်လည်း ကောင်း၊ မိုးကောင်းကင်ကို အမိုးအကာအဖြစ်လည်းကောင်း၊ စီမံဖြစ်စေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထို့ပြင်ထိုအရှင်မြတ်သည် သင်တို့၏ရုပ်ရည်အသွင်သဏ္ဍာန်ကို အကောင်းဆုံး (အလိုက်ဖက်ဆုံး ဟန်ချက်အညီဆုံး ကြည်နူးဖွယ်အကောင်းဆုံး) ဖြစ်အောင် ပုံဖော်စေတော်မူပြီး စင်ကြယ်သန့်ရှင်း၍ အသင့်တော်ဆုံးသောအရာများမှ သင်တို့အား ရိက္ခာအထောက်အပံ့များကို စီမံထောက်ပံ့တော်မူ၏၊ ထိုအရှင်မြတ်သည်ပင် သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စင်စစ်သော်ကား စကြဝဠာနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံတော်မူ (ပြီး ထူးကဲမြင့် မြတ်လှပေ) ၏။

❮ Previous Next ❯

ترجمة: الله الذي جعل لكم الأرض قرارا والسماء بناء وصوركم فأحسن صوركم ورزقكم, باللغة البورمية

﴿الله الذي جعل لكم الأرض قرارا والسماء بناء وصوركم فأحسن صوركم ورزقكم﴾ [غَافِر: 64]

Ba Sein
၆၄။ အလ္လာဟ်အရှင်မြတ်သည် သင်တို့နေထိုင်ဖို့ရာ ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူ၏၊ အထက်မိုးကောင်းကင် ကိုလည်း မျက်နှာကြက်အတွက် ဖန်ဆင်းတော်မူ၏၊ သင်တို့၏ ပုံသဏ္ဍာန်အဆင်းအင်္ဂါတို့ကိုလည်း ဖန်ဆင်း တော်မူ၏၊ ထိုပုံသဏ္ဍာန်အဆင်းအင်္ဂါတို့ကို ညီညွတ်ပြေပြစ်အောင် စီရင်တော်မူ၏၊ သင်တို့စားဖို့ရာ သန့်ရှင်း ကောင်းမွန်သောဘောဇဉ်ခဲဖွယ်များကို ချပေးသနားတော်မူ၏၊ သင်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အလ္လာဟ် အရှင်မြတ်သည် ယင်းကဲ့သို့ဖြစ်တော်မူ၏၊ အနန္တစကြဝဠာအပေါင်းတို့၏ အရှင်သခင်သည် ကောင်းကြီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံတော်မူ၏။
Ghazi Mohammad Hashim
အလ္လာဟ်အရှင်မြတ်သည်ပင် အကြင်အရှင်မြတ် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အဖို့ ပထဝီမြေကို မှီတင်းနေထိုင်ရာအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်၍ ပေးတော်မူခဲ့၏။ ထို့ပြင်ထိုအရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်တော်မူခဲ့ရာ အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ကောင်းမွန်လှပစွာ ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး အသင်တို့အား စင်ကြယ်ကောင်းမွန်သောအရာများကို ကျွေးမွေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စင်စစ်သော်ကား စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်သည် မင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံလှတော်မူ၏။
Hashim Tin Myint
ထိုအလ္လာဟ်အရှင်မြတ်ပင် အသင်တို့အတွက် ‌မြေပထဝီကို မှီခို‌နေထိုင်ရာအဖြစ်နှင့်၊ မိုး‌ကောင်းကင်ကို အမိုးအဖြစ် ပြုလုပ်‌ပေး‌တော်မူခဲ့သည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ပြုလုပ်‌တော်မူခဲ့သည်။ ထို့‌နောက် အသင်တို့၏ ပုံပန်းသဏ္ဍာန်ကို ‌ကောင်းမွန်လှပစွာ ပြုလုပ်‌တော်မူခဲ့သည်။ ထို့ပြင် အသင်တို့အား စင်ကြယ်‌ကောင်းမွန်‌သောအရာများကို ‌ကျွေး‌မွေး‌တော်မူခဲ့သည်။* ထိုအလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်မြတ် ဖြစ်‌တော်မူသည်။ ထို့ပြင် စကြဝဠာအားလုံးအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်သည် မဂင်္လာအ‌ပေါင်းနှင့် ပြည့်စုံ‌တော်မူသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek