×

ထိုအရှင်မြတ်သည် (နိစ္စထာဝရဖြစ်တော်မူ၍ သက်ရှိအားလုံးကို အသက်ချီးမြှင့်တော်မူသောအရှင်) အစဉ်ရှင်နေတော်မူသောအရှင်ဖြစ်တော်မူပြီး ထိုအရှင်မြတ်မှအပ အခြား ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပေ။ သို့ဖြစ်ပေရာ သင်တို့သည် 40:65 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:65) ayat 65 in Burmese

40:65 Surah Ghafir ayat 65 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 65 - غَافِر - Page - Juz 24

﴿هُوَ ٱلۡحَيُّ لَآ إِلَٰهَ إِلَّا هُوَ فَٱدۡعُوهُ مُخۡلِصِينَ لَهُ ٱلدِّينَۗ ٱلۡحَمۡدُ لِلَّهِ رَبِّ ٱلۡعَٰلَمِينَ ﴾
[غَافِر: 65]

ထိုအရှင်မြတ်သည် (နိစ္စထာဝရဖြစ်တော်မူ၍ သက်ရှိအားလုံးကို အသက်ချီးမြှင့်တော်မူသောအရှင်) အစဉ်ရှင်နေတော်မူသောအရှင်ဖြစ်တော်မူပြီး ထိုအရှင်မြတ်မှအပ အခြား ဆည်းကပ်ကိုးကွယ်ထိုက်သော ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပေ။ သို့ဖြစ်ပေရာ သင်တို့သည် အရှင့် ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) အတွက် အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်ရင်း စေတနာဖြူစင်စွာဖြင့် ဟစ်ခေါ် တသ၍ ဆုတောင်းကြလော့။ (ကျေးဇူးပြုသူနှင့်ကျေးဇူးတင်သူနှစ်ဦးစလုံးကို အရှင်မြတ်သာ ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူခဲ့သောကြောင့်) ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းဟူသမျှတို့သည် (သက်ရှိသက်မဲ့တို့အတွက် ဖွဲ့စည်းတည်ဆောက်မှုနှင့်ဖွံ့ဖြိုးမှုစနစ်များ ဖြစ်ပေါ်စေတော်မူလျက်) စကြဝဠာများနှင့်လောကခပ်သိမ်းတို့ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။

❮ Previous Next ❯

ترجمة: هو الحي لا إله إلا هو فادعوه مخلصين له الدين الحمد لله, باللغة البورمية

﴿هو الحي لا إله إلا هو فادعوه مخلصين له الدين الحمد لله﴾ [غَافِر: 65]

Ba Sein
၆၅။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းအထီးထီးတည်တော်မူ၏၊ အသင်ရှင်နေတော်မူ၏၊ အရှင်မြတ်မှတပါး အခြားအရှင်သခင်မရှိချေ၊ အရှင်မြတ်အားသာ ဝတ်ပြုကြကုန်လော့၊ ဘာသာတရားကို အရှင်မြတ်အဖို့သာ ဖြူစင်စွာထားကြကုန်လော့၊ အနန္တစကြဝဠာအပေါင်းတို့၏ အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်သည် အ့ံချီးမဆုံး ဖြစ်တော်မူ၏။
Ghazi Mohammad Hashim
ထိုအရှင်မြတ်သည်ပင်(အမြဲထာဝရ)ရှင်နေတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို ထိုအရှင်မြတ်အတွက် သန့်သန့်ပြုကြလျက် ဟစ်ခေါ်တသကြလေကုန်၊ ချီးမွမ်းထောပနာအပေါင်းတို့သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်သင့်ပေသတည်း။
Hashim Tin Myint
အရှင်မြတ်သည်ပင် (အမြဲ)ရှင်‌နေ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ အရှင်မြတ်မှလွဲ၍ ကိုးကွယ်ထိုက်သည့်အရှင် မရှိ‌ပေ။ သို့ဖြစ်ရာ အသင်တို့သည် အရှင်မြတ်ကိုသာ ကိုးကွယ်မှုကို အရှင်မြတ်အတွက် သက်သက်ဖြူစင်စွာ ဖြစ်‌စေကြလျက် ကိုးကွယ်ကြပါ။ ချီးမွမ်းခြင်းအ‌ပေါင်းသည် စကြဝဠာအ‌ပေါင်းအား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သော အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek