×

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊ အရှင့်သတင်းစကားအား လူသားထံ ပို့ချရောက်စေရာတွင် ရင်ဆိုင်သမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံစေလော့။ ဧကန်မလွဲ၊ 40:77 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:77) ayat 77 in Burmese

40:77 Surah Ghafir ayat 77 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 77 - غَافِر - Page - Juz 24

﴿فَٱصۡبِرۡ إِنَّ وَعۡدَ ٱللَّهِ حَقّٞۚ فَإِمَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِلَيۡنَا يُرۡجَعُونَ ﴾
[غَافِر: 77]

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်၊ အရှင့်သတင်းစကားအား လူသားထံ ပို့ချရောက်စေရာတွင် ရင်ဆိုင်သမျှကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံစေလော့။ ဧကန်မလွဲ၊ (ယုံကြည်သူများအား ပေါက်မြောက်အောင်မြင်စေရန် ကူညီစောင်မတော်မူမည်ဟူသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာတရားပင် ဖြစ်၏။ ထို့နောက် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ကတိပေး တော်မူသည့် အရာများအနက်မှ အချို့ကို အသင်တမန်တော်၏သက်တမ်း၌ ဖြည့်ဆည်းစေတော်မူလျှက် အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ သို့တည်းမဟုတ် ထိုကတိတော်များကို ငါအရှင်မြတ်ဖြည့် ဆည်းပေတော်မမူမီ အသင်တမန်တော်အား ဘဝကူးပြောင်းစေတော်မူလျှင်ဖြစ်စေ၊ (အသင့်အပေါ်၌ ငါအရှင်မြတ်၏အမိန့်ပညတ်ချက်များ လူသားတို့ထံ အရောက်ပို့ဆောင်ပေးရန်သာ တာဝန်ရှိပြီး)၊ သူတို့မူကား ငါအရှင်မြတ်ထံတော်သို့သာ ဦးလှည့် ပြန်လာကြရမည်သာတည်း။

❮ Previous Next ❯

ترجمة: فاصبر إن وعد الله حق فإما نرينك بعض الذي نعدهم أو نتوفينك, باللغة البورمية

﴿فاصبر إن وعد الله حق فإما نرينك بعض الذي نعدهم أو نتوفينك﴾ [غَافِر: 77]

Ba Sein
၇၇။ အေ-တမန်တော်၊ သည်းခံခြင်းတရားရှိလော့၊ အလ္လာဟ်အရှင်မြတ်၏ ဂတိသစ္စာတော်သည် မုချဧကန်မှန်ကန်၏၊ အကယ်၍ ငါအရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိတို့အား ထားတော်မူသောကတိသစ္စာအချို့ကို သင့်အား ပြသတော်မူသည် ဖြစ်စေ၊ သို့မဟုတ် ပြသတော်မမူမီ သင့်အား ကံကုန်စေတော်မူသည်ဖြစ်စေ၊ သူတို့အားလုံးသည် ငါ့အထံတော်သို့ ပြန်ကြရမည်သာတည်း။
Ghazi Mohammad Hashim
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် သည်းခံပါလေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်၏ ကတိပြုတော်မူချက်သည် မှန်ကန်သော ကတိပြုချက်ပင်ဖြစ်၏။ ထို့နောက် အကယ်၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ချိန်းချက်တော်မူသည်များအနက် အချို့ကို အသင့်အား ပြသတော်မူသည်ဖြစ်စေ၊ အသင့်အား သေဆုံးစေတော်မူသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့မှာမူကား ငါအရှင်မြတ်အထံတော်သို့ ပြန်လာကြရမည်သာတည်း။
Hashim Tin Myint
သို့ဖြစ်ရာ အသင်သည် သည်းခံပါ။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကတိသည် မှန်ကန်သည်။ ထို့‌နောက် အကယ်၍ ငါအရှင်မြတ်သည် သူတို့အား ငါအရှင်မြတ်ချိန်းဆိုသည့်အထဲမှ အချို့ကို အသင့်အား ပြသ‌တော်မူသည်ပင်ဖြစ်‌စေ၊ အသင့်အား ‌သေဆုံး‌စေ‌တော်မူသည်ပင်ဖြစ်‌စေ၊ သူတို့ကမူ ငါအရှင်မြတ်ထံ‌တော်သို့ ပြန်လာကြရမည်ပင် ဖြစ်သည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek