×

အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူတို့အား သူတို့အတွက် ကတိတော်ထားတော်မူသည့် အမြဲထာဝရ နေထိုင်စံမြန်းရမည့် သုခဥယျာဉ်များသို့လည်း ဝင် ရောက်စေတော်မူပါ။ 40:8 Burmese translation

Quran infoBurmeseSurah Ghafir ⮕ (40:8) ayat 8 in Burmese

40:8 Surah Ghafir ayat 8 in Burmese (البورمية)

Quran with Burmese translation - Surah Ghafir ayat 8 - غَافِر - Page - Juz 24

﴿رَبَّنَا وَأَدۡخِلۡهُمۡ جَنَّٰتِ عَدۡنٍ ٱلَّتِي وَعَدتَّهُمۡ وَمَن صَلَحَ مِنۡ ءَابَآئِهِمۡ وَأَزۡوَٰجِهِمۡ وَذُرِّيَّٰتِهِمۡۚ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ ﴾
[غَافِر: 8]

အို၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ သူတို့အား သူတို့အတွက် ကတိတော်ထားတော်မူသည့် အမြဲထာဝရ နေထိုင်စံမြန်းရမည့် သုခဥယျာဉ်များသို့လည်း ဝင် ရောက်စေတော်မူပါ။ ထို့ပြင် သူတို့၏မိဘဘိုး၊ ဘေး၊ ဘီ၊ ဘင်များ၊ သူတို့၏ဘဝဖော်များနှင့်သူတို့၏သားစဉ်မြေးဆက်များအနက်မှ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့ကိုလည်း သုခဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပါ။ ဧကန်မလွဲ၊ အသင်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများ ချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီ ရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။

❮ Previous Next ❯

ترجمة: ربنا وأدخلهم جنات عدن التي وعدتهم ومن صلح من آبائهم وأزواجهم وذرياتهم, باللغة البورمية

﴿ربنا وأدخلهم جنات عدن التي وعدتهم ومن صلح من آبائهم وأزواجهم وذرياتهم﴾ [غَافِر: 8]

Ba Sein
၈။ အို-အကျွနု်ပ်တို့၏ အသက်သခင်ကျေးဇူးရှင်၊ အရှင်ကတိပြုတော်မူသောထာဝရဥယျာဉ်တော်အတွင်းသို့ ထိုသူတို့ သူတို့မိဘများ၊ သားမယား၊ နောင်လာနောက်သားများအနက် တရားသဖြင့် ကျင့်ကြံသူတို့အား ဝင်စေတော်မူပါ၊ အရှင်သာလျှင် အနန္တတန်ခိုးတော်သခင်၊ သဗ္ဗညုတဉာာဏ်တော်ရှင် ဖြစ်တော်မူပါ၏။
Ghazi Mohammad Hashim
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အား အရှင်မြတ် ၎င်းတို့အား ကတိပြုတော်မူခဲ့သည့် အမြဲထာဝရ နေထိုင်ရအံ့သော ဥယျာဉ်များသို့လည်း ဝင်ရောက်စေတော်မူပါ။ ထို့ပြင် ထိုသူတို့၏ ဖခင်တို့အနက်မှလည်းကောင်း၊ ထိုသူတို့၏ သား၊ မြေး၊ မြစ်တို့အနက်မှလည်းကောင်း၊(ဂျန္နတ်နှင့်)သင့်လျော်ကြကုန်သော သူတို့အားလည်း (ယင်း အမတ သုခဥယျာဉ်များသို့ ဝင်ရောက်စေတော်မူပါ၊) ဧကန်မလွဲ အရှင်မြတ်သည်ပင် လွန်စွာနိုင်နင်း လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့်အလွန်တရာ ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါ၏။
Hashim Tin Myint
အို- ကျွန်ုပ်တို့အား ဖန်ဆင်း‌မွေးမြူ‌တော်မူ‌သောအရှင်၊ အရှင်မြတ်သည် သူတို့အား အရှင်မြတ်ကတိပြု‌တော်မူခဲ့‌သော အမြဲ‌နေရမည့် ဥယျာဉ်များထဲသို့ သူတို့အား ဝင်‌ရောက်‌စေ‌တော်မူပါ။ ထို့ပြင် သူတို့၏ဖခင်(နှင့်မိခင်)များ၊ သူတို့၏ဇနီးကြင်ရာများနှင့် သူတို့၏သား‌မြေးများထဲမှ ‌ကောင်းမြတ်သည့်သူများကိုလည်း ထိုဥယျာဉ်ထဲသို့ ဝင်‌ရောက်‌စေ‌တော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည် တန်ခိုး‌တော်နှင့် အလွန်လွှမ်းမိုး‌တော်မူ‌သောအရှင် ပညာဉာဏ်အ‌မြော်အမြင်နှင့် အလွန်ပြည့်စုံ‌တော်မူ‌သောအရှင် ဖြစ်‌တော်မူပါသည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek