Quran with Burmese translation - Surah Ghafir ayat 9 - غَافِر - Page - Juz 24
﴿وَقِهِمُ ٱلسَّيِّـَٔاتِۚ وَمَن تَقِ ٱلسَّيِّـَٔاتِ يَوۡمَئِذٖ فَقَدۡ رَحِمۡتَهُۥۚ وَذَٰلِكَ هُوَ ٱلۡفَوۡزُ ٱلۡعَظِيمُ ﴾
[غَافِر: 9]
﴿وقهم السيئات ومن تق السيئات يومئذ فقد رحمته وذلك هو الفوز العظيم﴾ [غَافِر: 9]
Ba Sein ၉။ သူတို့ကို မကောင်းမှုအပေါင်းတို့မှ ကာကွယ်စောင့်ရှောက်တော်မူပါ၊ အကြင်သူတို့အား အရှင်သည် ထိုနေ့တော် ကြီး၌ ဆင်းရဲဒုက္ခအပေါင်းတို့မှ ကယ်နှုတ်တော်မူအ့ံ၊ ထိုသူတို့အပေါ်၌ အရှင်သည် ကောင်းကြီးမင်္ဂလာမိုးတော် ကို သွန်းလောင်းတော်မူပါ၏၊ ထိုကယ်နှုတ်တော်မူခြင်းသည် အလွန်ကြီးကျယ်မြင့်မြတ်သောအောင်ဆုမင်္ဂလာ တော်ကြီး မုချဧကန်ဖြစ်ပါ၏၊ အရှင်။ |
Ghazi Mohammad Hashim ထိုမှတစ်ပါး အရှင်မြတ်သည် ၎င်းတို့အား ဘေးဒုက္ခတို့မှလည်း လွတ်ကင်းစေတော်မူပါ။ စင်စစ်သော်ကား အရှင်မြတ်သည် ထိုနေ့တွင် အကြင်သူအား ဘေးဒုက္ခတို့မှ ကင်းလွတ်စေတော်မူခဲ့ပါလျှင် အရှင်မြတ်သည် အမှန်စင်စစ် ထိုသူအား သနားကရုဏာပြုတော်မူခဲ့သည်သာ။ စင်စစ်သော်ကား ဤသည်သာလျှင် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုတည်း။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်သည် သူတို့အား (လောကတွင် ကျူးလွန်မိခဲ့သည့်)မကောင်းမှုများ(၏ အစားခံရမည့်ဒုက္ခများ)မှလည်း လွတ်ကင်းစေတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ထိုနေ့တွင် အကြင်သူ့ကို (ထို)ဒုက္ခများမှ လွတ်ကင်းစေတော်မူခဲ့လျှင် အရှင်မြတ်သည် အမှန်စင်စစ် ထိုသူကို သနားကြင်နာခဲ့သည်ပင်ဖြစ်သည်။ ထို့ပြင် ဤသည် ကြီးကျယ်မြင့်မြတ်သော အောင်မြင်မှုပင်ဖြစ်သည်။ |