Quran with Burmese translation - Surah Ghafir ayat 83 - غَافِر - Page - Juz 24
﴿فَلَمَّا جَآءَتۡهُمۡ رُسُلُهُم بِٱلۡبَيِّنَٰتِ فَرِحُواْ بِمَا عِندَهُم مِّنَ ٱلۡعِلۡمِ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ ﴾
[غَافِر: 83]
﴿فلما جاءتهم رسلهم بالبينات فرحوا بما عندهم من العلم وحاق بهم ما﴾ [غَافِر: 83]
Ba Sein ၈၃။ ထိုမိစ္ဆာဒိဋ္ဌိတို့ထံသို့ တမန်တော်အသီးသီးသည် ထင်ရှားသောသာဓကတော်များကို ယူဆောင်လာသောအခါ ထိုအယူမှားသူတို့သည် မိမိတို့ရရှိပြီးသောလောကီပညာ၌သာ မြူးတူးပလွှားကြ၏၊ သူတို့မယုံကြည်ပျက်ရယ် ကျီစယ်သောအပြစ်ဒဏ်တော်သည် သူတို့ကို ဝိုင်းထား၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ၎င်းတို့၏ရစူလ်တမန်တော်များ ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်၍လာခဲ့ကြသောအခါ ၎င်းတို့သည် မိမိတို့ထံရှိလေသော (လောကီ)ပညာနှင့်စပ်လျဉ်း၍ မြူးတူးရွှင်ပျော်၊ မော်ကြွားခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့သည် ပျက်ချော် ပြောင်လှောင်လျက်ရှိခဲ့ကြသော (ပြစ်ဒဏ်)မှာ ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။ |
Hashim Tin Myint ထို့နောက် သူတို့၏တမန်တော်များသည် သူတို့ထံသို့ ထင်ရှားသော သက်သေသာဓကများ ယူဆောင်လာခဲ့ကြသည့်အခါ သူတို့သည် သူတို့ထံတွင်ရှိနေသော (လောကီ)ပညာနှင့်ပတ်သက်၍ ပျော်မြူးလျက် မော်ကြွားခဲ့ကြသည်။ ထို့နောက် သူတို့ ပြောင်လှောင်ခဲ့သည့်အရာ(ပြစ်ဒဏ်)သည် သူတို့အား ဝိုင်းဝန်းခဲ့တော့သည်။ |