Quran with Burmese translation - Surah Fussilat ayat 11 - فُصِّلَت - Page - Juz 24
﴿ثُمَّ ٱسۡتَوَىٰٓ إِلَى ٱلسَّمَآءِ وَهِيَ دُخَانٞ فَقَالَ لَهَا وَلِلۡأَرۡضِ ٱئۡتِيَا طَوۡعًا أَوۡ كَرۡهٗا قَالَتَآ أَتَيۡنَا طَآئِعِينَ ﴾
[فُصِّلَت: 11]
﴿ثم استوى إلى السماء وهي دخان فقال لها وللأرض ائتيا طوعا أو﴾ [فُصِّلَت: 11]
Ba Sein ၁၁။ ထို့နောက်အရှင်မြတ်သည် ကောင်းကင်ဘက်သို့ လှည့်တော်မူ၏၊ ကောင်းကင်သည် မီးခိုးကဲ့သို့ ရှိနေ၏၊ ထိုအခါအရှင်မြတ်သည် မိုးနှင့်မြေအား အို-မိုးမြေတို့၊ သင်တို့သည် နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ၊ အတူတကွလာကြလော့ဟု မိန့်တော်မူ၏၊ ထိုအခါ မိုးနှင့်မြေကို အို-အရှင်မြတ်၊ အကျွနု်ပ်တို့သည် အမိန့်တော်ကို နာခံ၍ လာကြပါသည်ဟု လျှောက်ထားကြကုန်၏။ |
Ghazi Mohammad Hashim ထို့နောက် ထိုအရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့၏။ ထိုအချိန်တွင် ယင်း မိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့သာ ဖြစ်နေခဲ့၏။ ထိုအခါ အရှင်မြတ်သည် ယင်းမိုးကောင်းကင်ကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ အသင်တို့ ကျေနပ်စွာဖြစ်စေ၊ ကျေနပ်ပဲဖြစ်စေ၊လာကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ ယင်းမိုးကောင်းကင်နှင့်ပထဝီမြေတို့က ကျွန်တော်မျိုးတို့သည် ကျေနပ်စွာ လာခဲ့ကြပါပြီဟု လျှောက်ထားခဲ့ကြလေ၏။ |
Hashim Tin Myint ထို့နောက် အရှင်မြတ်သည် မိုးကောင်းကင်ဘက်သို့ လှည့်တော်မူခဲ့သည်။ ထိုအချိန်၌ ထိုမိုးကောင်းကင်သည် မီးခိုးအခိုးအငွေ့ပင် ဖြစ်နေခဲ့သည်။ ထို့နောက် အရှင်မြတ်သည် ထိုမိုးကောင်းကင်နှင့် မြေပထဝီအား “အသင်တို့ ကျေနပ်လျက်ဖြစ်စေ၊ မကျေမနပ်ဘဲနှင့် ဖြစ်စေ၊ လာကြပါ”ဟု မိန့်ကြားတော်မူခဲ့သည်။ သူတို့(ကောင်းကင်နှင့် မြေပထဝီ)က “ကျွန်ုပ်တို့သည် ကျေနပ်စွာနှင့်သာ လာခဲ့ကြပြီဖြစ်ပါသည်”ဟု လျှောက်ထားခဲ့ကြသည်။ |