Quran with Burmese translation - Surah Fussilat ayat 30 - فُصِّلَت - Page - Juz 24
﴿إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ تَتَنَزَّلُ عَلَيۡهِمُ ٱلۡمَلَٰٓئِكَةُ أَلَّا تَخَافُواْ وَلَا تَحۡزَنُواْ وَأَبۡشِرُواْ بِٱلۡجَنَّةِ ٱلَّتِي كُنتُمۡ تُوعَدُونَ ﴾
[فُصِّلَت: 30]
﴿إن الذين قالوا ربنا الله ثم استقاموا تتنـزل عليهم الملائكة ألا تخافوا﴾ [فُصِّلَت: 30]
Ba Sein ၃ဝ။ မှတ်သားကြလော့၊ အကျွနု်ပ်တို့၏ အရှင်သခင်သည် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူ၏ဟု ပြောဆို၍ တည်ကြည် ဖြောင့်မတ်သူတို့မှာမူကား သူတို့ထံသို့ ကောင်းကင်တမန်များသက်ဆင်းလာ၍ ဤသို့အကြောင်းကြားအ့ံ၊ အို-သူတော်ကောင်းအပေါင်းတို့၊ မကြောက်ရွံ့ကြလင့်၊ မပူဆွေးကြလင့်၊ သင်တို့အား ကတိထားတော်မူသော နိဗ္ဗာန်ဘုံနန်းတော်အကြောင်းသတင်းကောင်းကို ကြားနာကြလော့။ |
Ghazi Mohammad Hashim ဧကန်အမှန် အကြင်သူတို့သည် ကျွန်တော် မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည် ဟု ပြောခဲ့ ဆိုခဲ့ကြပြီးနောက်(ယင်းယုံကြည်ချက်ပေါ်၌ပင်) ဖြောင့်မတ်ကြံ့ခိုင်စွာ တည်ရှိနေခဲ့ကြကုန်၏။ မလာအိကဟ် ကောင်းကင်တမန်များသည်ထိုသူတို့ထံ ဆင်းသက်လာ၍ ဤသို့ပြောဆို နှစ်သိမ့်စေကြပေမည်။ အသင်တို့သည် စိုးရိမ်ခြင်းလည်း မရှိကြကုန်လင့်။ ပူဆွေးခြင်းလည်း မရှိကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည်မိမိတို့ကတိပေးခြင်းခံခဲ့ကြသောဂျန္နတ်သုခဘုံရရှိသည့်အတွက်ဝမ်းမြောက် ကြလေကုန်။ |
Hashim Tin Myint အမှန်စင်စစ် အကြင်သူတို့သည် “ကျွန်ုပ်တို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်ဖြစ်တော်မူသည်”ဟု ပြောဆိုခဲ့ကြ၍ (ထိုယုံကြည်ချက်ပေါ်၌ပင်) စွဲမြဲစွာ ရပ်တည်ခဲ့ကြသည်။ ကောင်းကင်တမန်များသည် ထိုသူများထံသို့ ဆင်းသက်လာပြီး ဤသို့ပြောဆိုကြမည်- “အသင်တို့သည် မစိုးရိမ်ကြပါနှင့်၊ မပူဆွေးကြပါနှင့်၊ ထို့ပြင် အသင်တို့သည် အသင်တို့ကတိပေးခြင်းခံခဲ့ကြရသော ဂျန္နသ်သုခဘုံရရှိသည့်အတွက် ဝမ်းမြောက်ပျော်ရွှင်ကြပါ။” |