Quran with Burmese translation - Surah Fussilat ayat 31 - فُصِّلَت - Page - Juz 24
﴿نَحۡنُ أَوۡلِيَآؤُكُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَلَكُمۡ فِيهَا مَا تَشۡتَهِيٓ أَنفُسُكُمۡ وَلَكُمۡ فِيهَا مَا تَدَّعُونَ ﴾
[فُصِّلَت: 31]
﴿نحن أولياؤكم في الحياة الدنيا وفي الآخرة ولكم فيها ما تشتهي أنفسكم﴾ [فُصِّلَت: 31]
Ba Sein ၃၁။ ငါတို့သည် သင်တို့အား ဤဘဝနောင်ဘဝ၊ ဘဝနှစ်ပါးတွင်ပင် ကာကွယ်စောင့်ရှောက်သည့်အဆွေတော်များ ဖြစ်ကြ၏၊ နောင်ဘဝ၌ သင်တို့လိုသမျှကို အကြွင်းမဲ့ရကြလတ့ံ၊ သင်တို့တောင်းဆိုသမျှကိုလည်း အကြွင်းမဲ့ ရကြလတ့ံ။ |
Ghazi Mohammad Hashim ကျွန်ုပ်တို့သည် လောကီဘဝ၌တွင်လည်း အသင်တို့၏အဆွေခင်ပွန်းများပင် ဖြစ်ခဲ့ကြကုန်၏။ ထိုနည်းတူစွာအာခိရတ် တမလွန်ဘဝ၌လည်း အဆွေခင်ပွန်းများဖြစ်ကြမည်။ ထို့ပြင် အသင်တို့အဖို့ ယင်းဂျန္နတ် သုခဘုံ၌ အသင်တို့အလိုဆန္ဒရှိသော အရာဟူသမျှ ရှိကြမည့်ပြင် အသင်တို့အဖို့ယင်းဂျန္နတ်သုခဘုံ၌ အသင်တို့တောင်းဆိုသော အရာဟူသမျှတို့သည်လည်း ရှိကြ ပေမည်။ |
Hashim Tin Myint “ကျွန်ုပ်တို့သည် လောကတွင်လည်း အသင်တို့၏ မိတ်ဆွေများဖြစ်ခဲ့ကြသည်။ ထို့ပြင် တမလွန်ဘဝတွင်လည်း မိတ်ဆွေများပင်ဖြစ်ကြမည်။ ထို့ပြင် အသင်တို့အတွက် ထိုဂျန္နသ်သုခဘုံတွင် အသင်တို့စိတ်ထဲမှ ဆန္ဒရှိသမျှ ရရှိကြမည့်အပြင် အသင်တို့အတွက် ထိုသုခဘုံတွင် အသင်တို့ထုတ်ဖော်တောင်းဆိုသမျှလည်း ရရှိကြဦးမည်ဖြစ်သည်။” ###၉ |