×

သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) မှ သူတို့အတွက် သတ်မှတ် 42:21 Burmese translation

Quran infoBurmeseSurah Ash-Shura ⮕ (42:21) ayat 21 in Burmese

42:21 Surah Ash-Shura ayat 21 in Burmese (البورمية)

Quran with Burmese translation - Surah Ash-Shura ayat 21 - الشُّوري - Page - Juz 25

﴿أَمۡ لَهُمۡ شُرَكَٰٓؤُاْ شَرَعُواْ لَهُم مِّنَ ٱلدِّينِ مَا لَمۡ يَأۡذَنۢ بِهِ ٱللَّهُۚ وَلَوۡلَا كَلِمَةُ ٱلۡفَصۡلِ لَقُضِيَ بَيۡنَهُمۡۗ وَإِنَّ ٱلظَّٰلِمِينَ لَهُمۡ عَذَابٌ أَلِيمٞ ﴾
[الشُّوري: 21]

သို့တည်းမဟုတ် အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန် (ခေါ် လူသားတို့အတွက် ရုပ်နာမ်ဆိုင်ရာ ပြုမူကျင့်ကြံစရာများပါဝင်သည့် ဘဝတည်ဆောက်ရေးလမ်းစဉ်) မှ သူတို့အတွက် သတ်မှတ် ပြဋ္ဌာန်းပေးသော အရှင်မြတ်နှင့်တွဲဖက်တုပြိုင်၍ကိုးကွယ်ခွင့်ရှိသည့် ကိုးကွယ်ရာများ ရှိကြသလော။ အကယ်၍ အပြီးသတ် ဓမ္မသတ်စီရင်ဆုံးဖြတ်မှုကို ရှင်းလင်းဆုံးဖြတ်စေမည့် ရှေ့ပြေးအမိန့်စကားတော်တစ်ရပ် မရှိခဲ့လျှင် သူတို့အကြား၌ စီရင်ဆုံးဖြတ်တော်မူလိမ့်မည် ဖြစ်၏။ ထို့ပြင် ဧကန်ပင်၊ အရှင့်စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မတော်မတရား မမှန်မကန်ပြု မူကျင့်ကြံသူတို့မူကား သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ် ရှိလေ၏။

❮ Previous Next ❯

ترجمة: أم لهم شركاء شرعوا لهم من الدين ما لم يأذن به الله, باللغة البورمية

﴿أم لهم شركاء شرعوا لهم من الدين ما لم يأذن به الله﴾ [الشُّوري: 21]

Ba Sein
၂၁။ အလ္လာဟ်အရှင်မြတ်သည် ပညတ်တော်မမူသည့်မိစ္ဆာအယူဝါဒကို ၎င်းတို့လိုက်နာကျင့်မူရန် အတည်ပြုထားသော ဘုရားတုများ သူတို့မှာ ရှိကြသလော၊ အကယ်၍ ငါသည် ထိုသူတို့ကို စစ်ကြောစီရင်တော်မူသောနေ့တော် ကြီးရောက်မှ ဆုံးဖြတ်စီရင်တော်မူမည်ဟူသောကတိဗျာဒိတ်တော်ကို ခတ်နှိပ်စီရင်ထားတော်မူပြီးမဟုတ်လျှင် ၎င်းတို့အလည်ကြား၌ တရားကို ဆုံးဖြတ်စီရင်တော်မူပြီးလတ့ံ၊ စင်စစ်မှာ မိစ္ဆာဒိဋ္ဌိတို့သည် အလွန်ပြင်းပြနာကျင် ဖွယ်သောအပြစ်ဒဏ်ကို ခံစားကြရလတ့ံ။
Ghazi Mohammad Hashim
၎င်းတို့၌ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုတော်မူခြင်းမရှိသော ဒီန်သာသနာမျိုးကို ၎င်းတို့အဖို့ သတ်မှတ်ပြဋ္ဌာန်း၍ပေးခဲ့ကြသော တွဲဖက်(ကိုးကွယ်ရာ)များရှိကြသလော။အမှန်စင်စစ်သော်ကား စီရင်ဆုံးဖြတ်ရန် အမိန့်တော်တစ်ရပ်သည် (ရှေးဦးမဆွက)မရှိခဲ့ပါလျှင် ၎င်းတို့အကြား၌ စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ သို့တစေလည်း မတရားသောသူတို့၌မူကား ပြင်းပြ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ဧကန်မလွဲရှိချေအံ့သတည်း။
Hashim Tin Myint
သူတို့တွင် အလ္လာဟ်အရှင်မြတ်က ခွင့်မပြု‌သော သာသနာမျိုးကို သူတို့အတွက် သတ်မှတ်ပြဋ္ဌာန်း‌ပေးခဲ့ကြ‌သော တွဲဖက်ကိုးကွယ်ရာများရှိကြသ‌လော။ ထို့ပြင် အကယ်၍ စီရင်ဆုံးဖြတ်ရန် အမိန့်‌တော်တစ်ခုသည် (ယခင်ကတည်းက) မရှိခဲ့လျှင် သူတို့အကြား၌အမှန်ပင် စီရင်ဆုံးဖြတ်ပြီးဖြစ်မည်။ ထို့ပြင် မတရားသူများအတွက်ကမူ နာကျင်‌စေ‌သော ပြစ်ဒဏ်အမှန်ပင်ရှိမည်။
❮ Previous Next ❯

Verse in more languages

Transliteration Bangla Bosnian German English Persian French Hindi Indonesian Kazakh Dutch Russian Spanish Turkish Urdu Uzbek