Quran with Burmese translation - Surah Ash-Shura ayat 23 - الشُّوري - Page - Juz 25
﴿ذَٰلِكَ ٱلَّذِي يُبَشِّرُ ٱللَّهُ عِبَادَهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِۗ قُل لَّآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًا إِلَّا ٱلۡمَوَدَّةَ فِي ٱلۡقُرۡبَىٰۗ وَمَن يَقۡتَرِفۡ حَسَنَةٗ نَّزِدۡ لَهُۥ فِيهَا حُسۡنًاۚ إِنَّ ٱللَّهَ غَفُورٞ شَكُورٌ ﴾
[الشُّوري: 23]
﴿ذلك الذي يبشر الله عباده الذين آمنوا وعملوا الصالحات قل لا أسألكم﴾ [الشُّوري: 23]
| Ghazi Mohammad Hashim ဤသည်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏အကြင်ကျွန်တို့အား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်သတင်းဖြစ်ပေသည်။ ထိုကျွန်တို့သည် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ (အို-နဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)ငါသည် အသင် တို့ထံ ဤ(တရားဓမ္မပို့ဆောင်မှု)နှင့်စပ်လျဉ်း၍ဆွေမျိုးသားချင်းတော်စပ်မှုကြောင့်ချစ်မြတ်နိုးခြင်းမှတစ်ပါးမည်သည့်အကျိုးကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ကောင်းမှုတစ်စုံတစ်ရာကို ရှာဖွေဆည်းပူးသည်ရှိသော် ငါအရှင်မြတ်သည် ၎င်း၏အဖို့ ယင်းကောင်းမှု၌ကောင်းမြတ်မှုကို တိုးပွားစေတော်မူအံ့။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာ ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသောအရှင် ဖြစ်တော်မူ၏။ |
| Hashim Tin Myint ဤသည် အလ္လာဟ်အရှင်မြတ်က အီမာန်ယုံကြည်ပြီး ကောင်းမြတ်သောလုပ်ရပ်များကို ပြုလုပ်ခဲ့ကြသော အရှင်မြတ်၏ကျွန်များအား ပြောကြားတော်မူသော ဝမ်းမြောက်ဖွယ်ရာသတင်းဖြစ်သည်။ (အို-တမန်တော်)အသင်ပြောလိုက်ပါ- ငါသည် အသင်တို့ထံမှ ဤ(တရားတော်ပို့ချမှု)နှင့် ပတ်သက်ပြီး ဆွေမျိုးသားချင်းတော်စပ်မှုတွင် ချစ်ခင်မှုမှလွဲ၍ ###၁ဝ ဘာအကျိုးမျှ မတောင်းဆိုပေ။ ထို့ပြင် မည်သူမဆို ကောင်းမှုတစ်စုံတစ်ခုကို ရှာဖွေပြုလုပ်ခဲ့လျှင် ငါအရှင်မြတ်သည် သူ့အတွက် ထိုကောင်းမှုတွင် ကောင်းမြတ်မှုကို တိုးပွားစေတော်မူမည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်လွတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ ကျေးဇူးသိတတ်သူကို အလွန်အစားပေးတော်မူသောအရှင်ဖြစ်တော်မူသည်။ |