Quran with Burmese translation - Surah Az-Zukhruf ayat 29 - الزُّخرُف - Page - Juz 25
﴿بَلۡ مَتَّعۡتُ هَٰٓؤُلَآءِ وَءَابَآءَهُمۡ حَتَّىٰ جَآءَهُمُ ٱلۡحَقُّ وَرَسُولٞ مُّبِينٞ ﴾
[الزُّخرُف: 29]
﴿بل متعت هؤلاء وآباءهم حتى جاءهم الحق ورسول مبين﴾ [الزُّخرُف: 29]
Ba Sein ၂၉။ စင်စစ်အားဖြင့် ထိုသူယုတ်တို့နှင့် သူတို့မိဘထံသို့ သမ္မာတရားတော်နှင့် ထိုတရားတော်ကို ရှင်းလင်းဟောပြော သောတမန်တော်ရောက်လာသည့်တိုင်အောင် ငါသည် သူတို့အားလုံးကို လောကီစည်းစိမ်ပေးသနားတော်မူခဲ့ပြီ။ |
Ghazi Mohammad Hashim စင်စစ်မှာကား ငါအရှင်မြတ်သည် ဤသူတို့အားလည်းကောင်း၊ ဤသူတို့၏အဘ၊ ဘိုး၊ ဘေးတို့အားလည်းကောင်း၊ စည်းစိမ်ချမ်းသာကို ချီးမြှင့်တော်မူခဲ့၏။ နောက်ဆုံးတွင် ထိုသူထံသို့ (ကုရ်အာန်ကျမ်းတော်မြတ် တည်းဟူသော)အမှန်တရားသည် လည်းကောင်း၊ (အမိန့်ပညတ်တော်များကို)ဖော်ပြထင်ရှားစေသော ရစူလ်တမန်တော်တစ်ပါးသည် လည်းကောင်း ရောက်ရှိ၍လာခဲ့၏။ |
Hashim Tin Myint အမှန်စင်စစ် ငါအရှင်မြတ်သည် ဤသူများနှင့် ဤသူများ၏ အဘ၊ ဘိုး၊ ဘေးများကို သူတို့ထံသို့ အမှန်တရား(ဖြစ်သောကုရ်အာန်ကျမ်းတော်မြတ်)နှင့်(အမိန့်တော်များကို)ထင်ရှားစေသော တမန်တော်တစ်ပါးသည် ရောက်ရှိလာခဲ့သည်အထိ စည်းစိမ်ချမ်းသာပေးထားတော်မူခဲ့သည်။ |