Quran with Burmese translation - Surah Az-Zukhruf ayat 43 - الزُّخرُف - Page - Juz 25
﴿فَٱسۡتَمۡسِكۡ بِٱلَّذِيٓ أُوحِيَ إِلَيۡكَۖ إِنَّكَ عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ ﴾
[الزُّخرُف: 43]
﴿فاستمسك بالذي أوحي إليك إنك على صراط مستقيم﴾ [الزُّخرُف: 43]
Ba Sein ၄၃။ ထို့ကြောင့်သင်တို့သည် ငါထုတ်ပြန်ချပေးသနားတော်မူသောကျမ်းတော်မြတ်ကို ဦးထိပ်ထက်ဆင်ရွက်၍ မြဲမြဲစွဲစွဲ ဆွဲကိုင်ထားလော့၊ အစစ်အမှန် သင်သည် သမ္မာတရားလမ်းပေါ်၌ တည်ရှိနေသူဖြစ်၏။ |
Ghazi Mohammad Hashim သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိထံ "ဝဟ်ယ်" ထုတ်ပြန်ခြင်းခံရလေသော ကုရ်အာန်ကျမ်းတော်မြတ်ကိုပင် အထောက်အထားပြုလျက် ရှိပါလေ။ဧကန်မလွဲ အသင်သည် ဖြောင့်မတ်သော လမ်းပေါ်၌ ရှိ၏။ |
Hashim Tin Myint သို့ဖြစ်ရာ အသင်(တမန်တော်)သည် အသင်၏ထံသို့ ဝဟီအမိန့်တော် ထုတ်ပြန်ခြင်းခံရသော ကုရ်အာန်ကျမ်းတော်မြတ်ကိုပင် ခိုင်မြဲစွာ လက်ကိုင်ပြုနေပါ။ အမှန်စင်စစ် အသင်သည် ဖြောင့်မတ်သည့်လမ်းပေါ်တွင်ရှိသည်။ |