Quran with Burmese translation - Surah Az-Zukhruf ayat 48 - الزُّخرُف - Page - Juz 25
﴿وَمَا نُرِيهِم مِّنۡ ءَايَةٍ إِلَّا هِيَ أَكۡبَرُ مِنۡ أُخۡتِهَاۖ وَأَخَذۡنَٰهُم بِٱلۡعَذَابِ لَعَلَّهُمۡ يَرۡجِعُونَ ﴾
[الزُّخرُف: 48]
﴿وما نريهم من آية إلا هي أكبر من أختها وأخذناهم بالعذاب لعلهم﴾ [الزُّخرُف: 48]
Ba Sein ၄၈။ ငါသည် သူတို့အား တန်ခိုးပြာဋိဟာတော်တစ်ပါးပြီးတစ်ပါး ပြတော်မူ၏၊ ထိုတန်ခိုးတော်များသည် တပါးထက် တပါးသာလွန်ကြီးကျယ်လာ၏၊ သူတို့ငါ့ဘက်တော်သို့ လှည့်ကောင်းလှည့်စိမ့်သောငှာ သူတို့အား အပြစ်ဒဏ်နှင့် ဖမ်းဆီးတော်မူလေ၏။ |
Ghazi Mohammad Hashim စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား ပြသတော်မူသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာတိုင်းမှာ ၎င်း၏အလျင်ပြခဲ့သော အခြားတန်ခိုးပြာဋိဟာ ထက်ပိုမိုကြီးကျယ်သော တန်ခိုးပြာဋိဟာသာလျှင် ဖြစ်ခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား (သွေဖည်ငြင်းပယ်မှုကိုစွန့်၍)ပြန်လှည့်လာကြအံ့သောငှာ ပြစ်ဒဏ်၌ ဖမ်းဆီးအရေးယူတော်မူခဲ့၏။ |
Hashim Tin Myint ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား ပြသတော်မူသော တန်ခိုးတိုင်းသည် ၎င်းမတိုင်မီကပြခဲ့သော အခြားတန်ခိုးတော်ထက် ပိုမိုကြီးကျယ်သော တန်ခိုးတော်ပင်ဖြစ်ခဲ့သည်။ ထို့ပြင် ငါအရှင်မြတ်သည် သူတို့အား (သွေဖည်ငြင်းပယ်ခြင်းကိုစွန့်ပြီး) ပြန်လှည့်လာကြရန်အတွက် ပြစ်ဒဏ်နှင့် ဖမ်းဆီးအရေးယူတော်မူခဲ့သည်။ |