Quran with Burmese translation - Surah Az-Zukhruf ayat 84 - الزُّخرُف - Page - Juz 25
﴿وَهُوَ ٱلَّذِي فِي ٱلسَّمَآءِ إِلَٰهٞ وَفِي ٱلۡأَرۡضِ إِلَٰهٞۚ وَهُوَ ٱلۡحَكِيمُ ٱلۡعَلِيمُ ﴾
[الزُّخرُف: 84]
﴿وهو الذي في السماء إله وفي الأرض إله وهو الحكيم العليم﴾ [الزُّخرُف: 84]
Ba Sein ၈၄။ အရှင်မြတ်သည် အထက်ကောင်းကင်ဘုံ၌ အရှင်သခင်ဖြစ်တော်မူ၏၊ အောက်မဟာပထဝီမြေကြီးပေါ်၌လည်း အရှင်သခင်ဖြစ်တော်မူ၏၊ အရှင်မြတ်သည် လိမ်မာရေးခြားသိတော်မူ၏။ |
Ghazi Mohammad Hashim အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်၌လည်း ဆည်းကပ်ကိုးကွယ်ရာအရှင် ဖြစ်တော်မူသည်။ ကမ္ဘာမြေ၌လည်း ဆည်းကပ်ကိုး ကွယ်ရာအရှင် ဖြစ်တော်မူသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ (အလုံးစုံတို့ကို) အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |
Hashim Tin Myint ထို့ပြင် အရှင်မြတ်ပင် မိုးကောင်းကင်နှင့် မြေပထဝီတွင် ကိုးကွယ်ထိုက်သည့်အရှင်ဖြစ်တော်မူသည်။ ထို့ပြင် အရှင်မြတ်သည် ပညာဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင် ဖြစ်တော်မူသည်။ |